ပုဗ္ဗသီရိမြို့နယ်၌ အမျိုးသမီးများ၏ ဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် အမျိုးသမီးအသင်း (Women Club) ဆွေးနွေးပွဲကျင်းပ

ပုဗ္ဗသီရိ မတ် ၂၃

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဖွဲ့စည်းထားသည့် အမျိုးသမီးအသင်း(Women Club) ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ​ ကျင်းပခဲ့သည်။

ဆွေးနွေးပွဲတွင် ပုဗ္ဗသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သန္တာလင်းက အမျိုးသမီးများ၏ ဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် အသိပညာဗဟုသုတမြင့်မားရန်၊ အမျိုးသမီးအခွင့်အရေးများကာကွယ်ပေးနိုင်ရေးနှင့် လိုအပ်ချက်များကူညီဆောင်ရွက်ပေးရန် ရည်ရွယ်၍ အမျိုးသမီးအသင်း(Women Club)အဖြစ်ဖွဲ့စည်းကာ အမျိုးသမီးနှင့် ကလေးသူငယ်ဖွံ့ဖြိုးရေးကိစ္စများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုလိုနွေရာသီကျောင်းပိတ်ရက်များတွင် မိမိတို့ဌာနမှပြုလုပ်မည့် အမျိုးသမီးနှင့် က​လေးများဘဝဖွံဖြိုးရေး လုပ်ငန်းစဉ်များတွင် ပူးပေါင်းပါဝင်နိုင်ရန် ယခုလိုဖိတ်ခေါ်၍ ဆွေးနွေးခြင်းဖြစ်ပါကြောင်း ပြောကြားခဲ့သည်။ ယင်းနောက် တက်ရောက်လာသည့် အမျိုးသမီးများက လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ အကြံပြုဆွေးနွေးခဲ့ကြောင်း သိရသည်။

သန္တာလင်း(ပုဗ္ဗသီရိ)