ကလော ဖေဖော်ဝါရီ ၁၈
ယခုအခါ ရာသီဥတုပူပြင်းသော နွေရာသီသို့ ကူးပြောင်းရောက်ရှိလာပြီဖြစ်၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရန် ရည်ရွယ်၍ ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောခရိုင်၊ ကလောမြို့နယ် မီးသတ်ဦးစီးဌာန၊ ဦးစီးအရာရှိနှင့် တပ်ဖွဲ့ဝင်များ သည် ယနေ့ နံနက် ၁၀ နာရီက ကလော မြို့မစျေး၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့် သရုပ်ပြသခဲ့ကြောင်း သိရသည်။
အဆိုပါ လေ့ကျင့်သရုပ်ပြသရာနေရာသို့ ကလောမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးပြည့်ဖြိုးငြိမ်း၊ အဖွဲ့ဝင်(၁)ဗိုလ်မှူး နိုင်လင်းထွန်း၊ မြို့နယ်စည်ပင်အမှုဆောင်အရာရှိ ဦးမျိုးနိုင်ဦးနှင့် အဖွဲ့ဝင်များ စျေးသည်များက မြို့နယ်မီးသတ်တပ်ဖွဲ့မှ မီးငြိမ်းသတ်နည်း လက်တွေ့သရုပ်ပြသနေမှုကို ကြည့်ရှု့အားပေးခဲ့ပြီး စျေးသည်များအား ကိုယ်တိုင်လက်တွေ့ မီးငြှိမ်း သတ်ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)