မိုးညှင်းမြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများအား အောင်ချက်မြင့်မားရေးအတွက် Face to Face ပြန်လည်ပို့ချခြင်းနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသားမိဘကော်မတီဝင်များနှင့် တာဝန်ရှိသူများမှ တွေ့ဆုံဆွေးနွေး
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများအား အောင်ချက်မြင့်မားရေးအတွက် တက္ကသိုလ်ပါမောက္ခ(ဌာနမှူး)များနှင့် ဆရာ၊ ဆရာမများမှ (Face to Face) ပြန်လည်ပို့ချပေးခြင်းနှင့် Grade -12 သင် ဆရာ၊ ဆရာမများနှင့် ကျောင်းသားမိဘကော်မတီဝင်များအား ယနေ့နံနက်ပိုင်းက အမှတ်(၁)နှင့် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းများတွင် တာဝန်ရှိသူများမှ တွေ့ဆုံဆွေးနွေးကြကြောင်း သိရသည်။