ကချင်ပြည်နယ်

တနိုင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ကဗျာရွတ်ပြိုင်ပွဲကျင်းပ

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် နွေရာသီ‌ ကျောင်းပိတ်ရက်ကာလ ကလေးငယ်များ အချိန်ကို အကျိုးရှိစွာ အသုံးချတက်စေရန်၊ သင်ကြားပေးသည့် ဘာသာရပ်များ လက်တွေ့အသုံးချတတ် စေရန်ရည်ရွယ်၍ ကဗျာရွတ်ပြိုင်ပွဲကို ယမန်နေ့ မွန်းလွဲ (၁) နာရီက လူထု အခြေပြုဗဟိုဌာန (Community Centre) ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ကာမိုင်းမြို့၌ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် စာအုပ်စာစောင်ပြပွဲဆောင်ရွက်

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့တွင် ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် စာအုပ် စာစောင်ပြပွဲကို ယနေ့ နံနက်(၉)နာရီက လူထုအခြေပြုဗဟိုဌာနခန်းမ၌ ဆောင်ရွက်ခဲ့ သည်။

ဟိုပင်မြို့၌ သဘာဝဘေးအန္တရာယ်ကျရောက်လာပါက ကြိုတင်ပြင်ဆင်ထားရှိရေး လိုက်လံ အသိပညာပေးနှိုးဆော်

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဟိုပင်မြို့၌   မြို့ပေါ် ၄ရပ်ကွက်ရှိ ချောင်း‌ကမ်း‌ဘေးတစ်လျှောက်တွင် နေထိုင်ကြသော ပြည်သူများအား သဘာဝဘေးအန္တရာယ်ကျရောက်လာပါက ကြိုတင်ပြင်ဆင်ထားရှိရေး လိုက်လံအသိပညာပေးနှိုးဆော်ခြင်းကို မေလ ၁၆ရက်၊ နံနက် ၁၁နာရီက ဆောင်ရွက်ခဲ့ကြသည်။

အင်းတော်ကြီးအိုင်နှင့် ဆက်စပ်ရေဝပ်ဒေသများတွင် ဧပြီလအတွင်း ဌာနေရေပျော်ငှက်မျိုးစိတ်နှင့် ဒေသပြောင်းရွှေ့ရေပျော်ငှက်မျိုးစိတ် (၄၁) မျိုး ကောင်ရေ(၆၂၁၅)ကောင် စာရင်းကောက်ယူနိုင်

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ်ရှိ အင်းတော်ကြီးအိုင်နှင့် ဆက်စပ်ရေဝပ်ဒေသ များတွင် ဧပြီလအတွင်း ကျက်စားလျက်ရှိသော ဌာနေရေပျော်ငှက်မျိုးစိတ်နှင့် ဒေသပြောင်းရွှေ့ ရေပျော်ငှက်မျိုးစိတ် (၄၁) မျိုး၊ ကောင်ရေ (၆၂၁၅) ကောင်ကို အင်းတော်ြကီးဘေးမဲ့တော အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူများက စာရင်းကောက်ယူနိုင်ခဲ့ကြောင်း သိရသည်။

မိုးညှင်းမြို့၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံအပ်ချုပ်စက်သင်တန်း (အခမဲ့) ဖွင့်လှစ်

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင်းအထည်ဖော် ဆောင်ရွက်လျက်ရှိသည့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံအပ်ချုပ်စက်သင်တန်းကို ယနေ့နံနက် (၁၀) နာရီက ဤဦးစီးဌာန အစည်းအဝေးခန်းမ၌ အခမဲ့ ဖွင့်လှစ်ခဲ့သည်။

မံစီမြို့နယ်၌ နွေရာသီအခြေခံ အားကစားသင်တန်း သင်တန်းဆင်းပွဲ ကျင်းပ

ကချင်ပြည်နယ်ဗန်းမော်ခရိုင် မံစီမြို့နယ် မြို့တော်ခန်းမ၌ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနက ဖွင့်လှစ်သည့် နွေရာသီအခြေခံအားကစားသင်တန်း သင်တန်းဆင်းပွဲကို ယမန်နေ့ ညနေ ၃ နာရီက ကျင်းပခဲ့သည်။

ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံးနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတို့တွင် တာဝန်ထမ်းဆောင် နေကြသည့် ဝန်ထမ်းမိသားစုများ၏ သားသမီးများအတွက် ဗုဒ္ဓဘာသာအခြေခံယဉ်ကျေးလိမ္မာ သင်တန်းဖွင့်လှစ်

ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံးနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ တာဝန်ထမ်းဆောင်နေကြသော ဝန်ထမ်းများမိသားစုများ၏ သားသမီးများအား ယဉ်ကျေးလိမ္မာပြီး ကိုယ်ကျင့်တရားကောင်း မွန်သည့်လူတော်လူကောင်းများဖြစ်လာစေရေး ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ကြီးမှူးဖွင့်လှစ်သည့် ဗုဒ္ဓဘာသာအခြေခံယဉ်ကျေးလိမ္မာ သင်တန်းကို မေ ၁၆ ရက် နံနက် ၉ နာရီခွဲ က ပြည်နယ်အစိုးရအဖွဲ့ရုံး ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန် တက်ရောက်အမှာစကားပြောကြားသည်။

ဆဒုံးမြို့၌ တရားမဝင်ဆေးဝါးများ ရောင်းချခြင်းမရှိစေရေး အသိပညာပေးဆိုင်းဘုတ် စိုက်ထူ

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဆဒုံးမြို့၌ တရားမဝင်ဆေးဝါးများ ရောင်းချခြင်း မရှိစေရန်နှင့် တရားမဝင်ရောင်းချနေသည့် ဆေးဝါးအမည်စာရင်းများကို ယမန်နေ့ ညနေ (၄) နာရီက ဆဒုံးမြို့၊ အမှတ် (၂) ရပ်ကွက်တွင် အသိပညာပေးဆိုင်းဘုတ် စိုက်ထူခဲ့သည်၊၊

ဗန်းမော်မြို့တွင် Grade-12 သင်ရိုးသစ်(ဆင့်ပွား) သင်တန်းဖွင့်ပွဲကျင်းပ

ကချင်ပြည်နယ်၊ ဗန်းမော်မြို့ ဗန်းမော်တက္ကသိုလ် ဘက်စုံသုံးခန်းမတွင် Grade-12 သင်ရိုးသစ် (ဆင့်ပွား) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ကျင်းပခဲ့သည်။

ကာမိုင်းမြို့၌ မုန်တိုင်းအန္တရာယ် အသိပေးနှိုးဆော်ခြင်းဆောင်ရွက်

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့၌ မုန်တိုင်းအန္တရာယ် အသိပေးနှိုးဆော်ခြင်းကို ယမန်နေ့ ညနေ(၄)နာရီခန့်က ဌာနဆိုင်ရာများ ပူး‌ပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
Subscribe to ကချင်ပြည်နယ်