မြစ်ကြီးနားမြို့ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း၌ နွေရာသီပညာပါရမီ ယဉ်ကျေးလိမ္မာ သင်တန်း၊ အင်္ဂလိပ်စာနှင့် ကွန်ပျူတာသင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ကျောင်းထိုင်ဘုန်းကြီး သင်တန်းကျောင်း၌ ကျောင်းသား ကလေးငယ်များအတွက် နွေရာသီပညာ ပါရမီယဉ်ကျေးလိမ္မာသင်တန်း၊ အင်္ဂလိပ်စာနှင့် ကွန်ပျူတာ သင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီက အဆိုပါ ဘုန်းတော်ကြီးကျောင်း ဓမ္မဗိမာန်တော်၌ ကျင်းပပြုလုပ်ရာ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်း တက်ရောက်ခဲ့သည်။