ကချင်ပြည်နယ်

မိုးညှင်းမြို့ ဇေယျသုခဝါဆိုကျောင်း၌ မာရဝိဇယဗုဒ္ဓရုပ်ပွာတော်မြတ်ကြီး ပုံစံတူဆင်းတုတော်အား တာဝန်ရှိသူများမှ သွားရောက်ဆက်ကပ်

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့ ဇေယျသုခဝါဆိုကျောင်း၌ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ပုံစံတူဆင်းတုတော်အား ယနေ့မွန်းလွဲ(၁)နာရီက တာဝန်ရှိသူများမှ သွားရောက်ဆက်ကပ် လှူဒါန်းခဲ့ကြကြောင်း သိရသည်။

ဝိုင်းမော်မြို့နယ်ရှိ ရဟန္တာတစ်ထောင်ရှင် ပင်မြတ်စွာရွှေမိုးတောင်စေတီတော်ကြီး ရွှေသင်္ကန်းကပ်လှူရေးလုပ်ငန်းများအဆင်ပြေချောမွေ့ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ မိုင်းနားကျေးရွာအုပ်စုရှိ ရဟန္တာတစ်ထောင် ရှင်ပင်မြတ်စွာ ရွှေမိုးတောင်စေတီတော်ကြီး ရွှေသင်္ကန်းကပ်လှူရေး လုပ်ငန်းများအဆင်ပြေ ချောမွေ့စွာဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ (၂)၌ ကျင်းပခဲ့သည်။

ဗန်းမော်မြို့တွင် ၂၀၂၃ ခုနှစ် ခရစ်ကတ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

ကချင်ပြည်နယ် ဗန်းမော်ခရိုင် ဗန်းမော်မြို့တွင် မြန်မာနိုင်ငံ ခရစ်ကတ်အဖွဲ့ချုပ်နှင့် ဗန်းမော်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ ၂၀၂၃ ခုနှစ် ခရစ်ကတ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ဗန်းမော်မြို့ သာစည်ရပ်ကွက်ရှိ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း အားကစားကွင်းတွင် ယမန်နေ့နံနက် ၉ နာရီခွဲခန့်က ကျင်းပခဲ့သည်။

မချမ်းဘောမြို့နယ်တွင် ကျောင်းအခြေပြု သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး (HPV)ထိုးနှံခြင်း စတင်ဆောင်ရွက်

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့တွင် ကျောင်းအခြေပြု သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး (HPV)ထိုးနှံခြင်းကို ယမန်နေ့နံနက် ၉နာရီတွင် ထရန်ဒမ်း အခြေခံပညာအထက်တန်းကျောင်း၌ စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ချီဖွေမြို့နယ်၌ AVIP နှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းရေးဆွဲနည်း သင်တန်းဖွင့်လှစ်

ကချင်ပြည်နယ်၊ ချီဖွေခရိုင်၊ ချီဖွေမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာရေးနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) AVIP နှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း ရေးဆွဲနည်းသင်တန်းကို ယနေ့ နံနက်ပိုင်း (၁၀) နာရီတွင် အဆိုပါဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ဝိုင်းမော်မြို့နယ်၌မြို့နယ်၌ (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲဖွင့်လှစ်

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း တေဇခန်းမတွင် ယနေ့ နံနက် ၉ နာရီခွဲက မြို့နယ်အဆင့် (၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲဖွင့်ပွဲကို ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂) ဦးကြည်ထွန်း၊ ဒုတိယမြို့နယ် ပညာရေးမှူး ဦးအံ့ခိုင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး မြင့်လွင်နှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။

တနိုင်းမြို့ အခြေခံပညာကျောင်းများ၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပ

ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်အားကစားနှင့် ကာယဦးစီးဌာနနှင့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့တို့ ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို စက်တင်ဘာလ ၁၆ ရက်နေ့ နံနက် ၁၀ နာရီက အခြေခံပညာ မူလွန်- မုန်ဒိန် ကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အိမ်မဲမြို့နယ်တွင် အသက် (၉)နှစ်ပြည့်ပြီး (၁၂)နှစ်မကျော်သော ကျောင်းသူများအား သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေး (HPV) ထိုးနှံပေး

ဧရာဝတီတိုင်းဒေသကြိး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်ပညာရေးဌာနတို့မှ ပူးပေါင်း၍ အသက် (၉)နှစ်ပြည့်ပြီး (၁၂)နှစ်မကျော်သော ကျောင်းသူများအား သားအိမ်ခေါင်း ကင်ဆာကာကွယ်ဆေး (HPV) ထိုးနှံခြင်း ဖွင့်ပွဲအခမ်းအနားကို အထက -၂ ကျောင်း ပညာ့ဗိမာန်ခန်းမ၌ ယနေ့ နံနက် (၉) နာရီခွဲအချိန်က ကျင်းပခဲ့သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူ ပူတာအိုမြို့ သန့်ရှင်းသပ်ရပ်လှပလာစေပြီး ခရီးသွားများအား ပိုမိုစွဲဆောင်နိုင်သည့် မြို့ပြတစ်ခုဖြစ်လာစေရေး ကွင်းဆင်းစစ်ဆေး

မြန်မာပြည်မြောက်ဖျား ပူတာအိုဒေသ ဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသတွင်း စားရေရိက္ခာဖူလုံရေးအတွက် ပူတာအိုမြို့၌ ရောက်ရှိနေသော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူသည် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ စက်တင်ဘာ ၁၇ ရက် နံနက် ၈ နာရီက ပူတာအိုမြို့လေဆိပ်မှ မြို့ဝင်လမ်းတစ်လျှောက် သန့်ရှင်းသာယာလှပရေးအတွက် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြသည်။

ဗန်းမော်မြို့တွင် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲကျင်းပ

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း မြဝတီခန်းမတွင် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ(၅)ရက်နေ့တွင်ကျရောက်မည့် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကို ယမန်နေ့ နံနက် ၉ နာရီကလည်းကောင်း ကဗျာပြိုင်ပွဲကို မွန်းလွဲ(၁)နာရီကလည်းကောင်း  ကျင်းပခဲ့ကြောင်း သိရသည်။
Subscribe to ကချင်ပြည်နယ်