မြစ်ကြီးနားမြို့၌ ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရေး (အခမဲ့) ပန်းအလှဆင်သင်တန်းနှင့် (အခမဲ့)အခြေခံစက်ချုပ်သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ
ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများရရှိပြီး တစ်ဖက်တစ်လမ်းမှ မိသားစုအပိုဝင်ငွေရရှိစေရန်ရည်ရွယ်၍ (အခမဲ့)ပန်းအလှဆင်သင်တန်းနှင့် (အခမဲ့) အခြေခံစက်ချုပ် သင်တန်းဖွင့်ပွဲအခမ်းအနားကို ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ဘက်စုံသုံးခန်းမ၌ မတ်လ ၇ ရက် နံနက် ၁၀ နာရီက ကျင်းပခဲ့သည်။