ရေရှားပါးသည့်ကျေးရွာများသို့ ရေပြတ်လပ်မှု မရှိစေရေးအတွက် သောက်ရေ ၁၈၀၀ ဂါလံ သွားရောက် လှူဒါန်းပေး
နှစ်စဉ်နှစ်တိုင်း နွေရာသီကာလတွင် သောက်သုံးရေ အခက်အခဲကြုံတွေ့နေရသည့် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ နောင်ကျော ကျေးရွာအုပ်စု၊ ထီဟန်ထွိုင်းကျေးရွာနှင့် လိုက်တနျားကျေးရွာသို့ သောက်သုံးရေ ပြတ်လပ်မှု မရှိစေရေးနှင့် သောက်ရေ ဖူလုံစွာ သုံးစွဲနိုင်ရေးအတွက် ကျေးရွာအရောက် သောက်ရေများ သွားရောက် လှူဒါန်းပေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီက မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ သွားရောက်လှူဒါန်းပေးခဲ့ကြောင်းသိရသည်။