ခိုင်ကမ်းမြို့တွင် ကုန်စိမ်းဈေးသည်များနှင့် သားသတ်လုပ်ငန်းပိုင်ရှင်များ ကျန်းမာရေးနှင့်အညီ ရောင်းချမှု ရှိ/မရှိစစ်ဆေး
ဖလမ်းခရိုင်၊ တီးတိန်မြို့နယ်၊ ခိုင်ကမ်းမြို့တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အခြေခံ စားသောက် ကုန်များ ရောင်းချသည့် ဈေးဆိုင်များအား အားကစားနှင့် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များ နှင့်အညီ သတ်မှတ်လိုက်နာ ဆောင်ရွက်နိုင်မှု ရှိစေရေးအတွက် ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့ နံနက်ပိုင်းတွင်း လှည့်လည် ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။