အမြို့မြို့အနယ်နယ်သတင်းများ

ကြို့ပင်ကောက်မြို့နယ်၌ ကျောင်းပြင်ပရောက်ရှိနေသော ကျောင်းသား ကျောင်းသူများ Placement Test (အထူးအစီအစဉ်) ဖြင့် စာမေးပွဲဖြေဆို

ပဲခူးတိုင်းဒေသကြီး ကြို့ပင်ကောက်မြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်မှစတင်၍ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းပြင်ပရောက်ရှိနေသော အခြေခံပညာမူလတန်းနှင့် အလယ်တန်းအဆင့် ကျောင်းသား ကျောင်းသူများအား ပညာသင်ကြားခွင့် ပြန်လည်ရရှိစေရန် Placement Test စစ်ဆေးခြင်းကို ယမန်နေ့မှ စတင်ခဲ့ရာ ယနေ့ဇွန်လ ၁၆ ရက်နေ့တွင် အင်္ဂလိပ်စာဘာသာရပ်ကို အ.ထ.က (ကြို့ပင်ကောက်) ကျောင်း၌ ဆက်လက်‌ဖြေဆိုလျက်ရှိသည်။

လဲချားတွင် မြို့နယ်အားကစားဖွံဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌဖလား အားကစားပြိုင်ပွဲများ ကျင်းပမည်

ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားမြို့နယ်တွင် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ၂၀၂၆ ခုနှစ် (TSDP) အစီအစဉ်အရ မြို့နယ်အားကစားဖွံဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌဖလား အားကစားပြိုင်ပွဲများ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

ကျောင်းသားလူငယ်များ စာအုပ်စာပေများနှင့် ရင်းနှီးမှုရှိစေရန်နှင့် စာဖတ်သည့် အလေ့အကျင့်များ ရရှိစေရန် စာဖတ်ဝိုင်းပြုလုပ်

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်များ၊ ကျောင်းသား/ကျောင်းသူများ စာအုပ်စာပေများနှင့် ရင်းနှီးမှုရှိစေရန်နှင့် စာဖတ်သည့် အလေ့အကျင့်များ ရရှိစေရန်အတွက် စာရေးဆရာ ချစ်နိုင် (စိတ်ပညာ) ရေးသားသော “ဦးလည်မသုန်” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီက မြို့ဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

လက်ပံတန်းမြိုနယ်၌ Placement Test စာမေးပွဲကျင်းပ

၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် အကြောင်းအမျိုးမျိုးကြောင့် ကျောင်းပြင်ပသို့ ရောက်ရှိနေသော အခြေခံပညာမူလတန်းဆင့်နှင့် အလယ်တန်းဆင့် ကျောင်းသား ကျောင်းသူများအား ပညာဆက်လက်သင်ယူနိုင်မည့် အထူးအစီအစဉ်ဖြင့် ဆောင်ရွက်သည့် Placement Test စာမေးပွဲကို ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် လက်ပံတန်းမြို့နယ် အ.ထ.က (၃) စာစစ်ဌာနတွင် ယနေ့ နံနံက်ပိုင်းက ကျင်းပသည်။

တောင်တွင်းကြီးမြို့နယ်တွင် ၂၀၂၆ ခုနှစ် (ပထမအကြိမ်) မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် သစ်တောဦးစီးဌာနအနေဖြင့် ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးကို အထောက်အပံ့ဖြစ်စေရန်၊ ရာသီဥတု အပူဒဏ်ကာကွယ်နိုင်ရန်၊ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်ဆီးမှုလျော့နည်းပပျောက်စေရန်၊ ပြည်သူလူထုအတွင်း သစ်တောသစ်ပင်ချစ်ခင်မြတ်နိုးသည့်စိတ်များ ဖြစ်ပေါ်လာစေရန်ရည်ရွယ်၍ ဇွန်လ ၁၃ရက်နေ့ နံနက် (၇) နာရီခွဲအချိန်က တောင်တွင်းကြီးမြို့၊ ကံကြီးကုန်းကျေးရွာအုပ်စု၊ ပရပ်ကြယ်ကျေးရွာတိုက်နယ်ဆေးရုံဝန်းအတွင်း၌ (ပထမအကြိမ်) မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ကျင်းပခဲ့ကြောင်း သိရသည်။

တောင်ငူမြို့ဟောင်း၊ ရှေးဟောင်းကျုံးအတွင်း ရေစီးရေလာကောင်းမွန်ရေးနှင့် ပိတ်ဆို့နေမှုများ ရှင်းလင်းခြင်းလုပ်ငန်းများဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ကေတုမတီ တောင်ငူမြို့ဟောင်း တောင်ငူခေတ်ရှေးဟောင်း ယဥ်ကျေးမှုအမွေအနှစ်များ ပြန်လည်တူးဖော်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့က ရှေးဟောင်းကျုံးအတွင်း ရေစီးရေလာကောင်းမွန်ရေးနှင့် ပိတ်ဆို့နေမှုများ ရှင်းလင်းခြင်းလုပ်ငန်းများ ဆောင်လျက်ရှိသည်။

ကျောက်ပန်းတောင်းမြို့နယ်၌ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းပြင်ပရောက် ကျောင်းသား/ကျောင်းသူများ ကျောင်းပြန်လည်တက်ရောက်နိုင်ရေး Placement Test (အထူးအစီအစဉ်) စာမေးပွဲ ဒုတိယနေ့ ဆက်လက်ဖြေဆို

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်တောင်းမြို့နယ်၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်မှ စတင်၍ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းပြင်ပရောက်ရှိနေသော အခြေခံပညာ မူလတန်းနှင့် အလယ်တန်းအဆင့် ကျောင်းသား/ ကျောင်းသူများအား ပညာသင်ကြားခွင့် ပြန်လည်ရရှိစေရန် Placement Test (အထူးအစီအစဉ်) စာမေးပွဲ ဖြေဆိုခြင်းကို၊ ဇွန်လ ၁၅ ရက်နေ့ နံနက် ၉ နာရီမှ စတင်၍ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတွင် ဖြေဆိုလျက်ရှိကြရာ ယနေ့တွင် Grade-1၊ 2၊ 3 ကျောင်းသား/ကျောင်းသူများက နှုတ်မေးခွန်းများ ဖြေဆိုခြင်းနှင့် အခြားအတန်းများက အင်္ဂလိပ်စာ ဘာသာရပ်ကို ဖြေဆိုလျက်ရှိကြသည်။

မကွေးတိုင်းဒေသကြီး၊ သင်ကြားရေးဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများ ဒေသခံပြည်သူများ၏ကျန်းမာရေးဆိုင်ရာများ အခမဲ့ကွင်းဆင်းကုသ 

မကွေးတိုင်းဒေသကြီးကုသရေးဦးစီးဌာန၊ သင်ကြားရေးဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများမှ မြို့သစ်မြို့နှင့် အနီးဝန်းကျင်ရှိ ကျေးရွာများမှ ဒေသခံပြည်သူများ ကျန်းမာသန်စွမ်းစွာဖြင့် နေထိုင်သွားလာနိုင်ရေးအတွက် ဇွန် ၁၆ ရက်နံနက်ပိုင်းတွင် မြို့သစ်မြို့ ကွက်သစ်ရပ်ကွက်ရှိ မြို့နယ်ကျန်းမာရေးဌာန၊ ဆေးရုံကြီး၌ ကွင်းဆင်းဆောင်ရွက်သည်။

တာမွေမြို့နယ်၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ် ကျိုက္ကဆံလမ်းရှိ မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း (မြန်မာ) ဗဟိုနှင့် အမှတ် (၂၅) ယာဥ်ထိန်းရဲတပ်ဖွဲ့စုတို့ ပူးပေါင်း၍ ယနေ့နံနက်ပိုင်းအချိန်က အဆိုပါမူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း (မြန်မာ) ဗဟိုရုံး မေတ္တာစံအိမ်ခန်းမ၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့သည်။

သုံးခွမြို့နယ်၌ ၂၀၂၆-၂၀၂၇ ခုနှစ် ပထမအကြိမ် တင်ဒါပိုက်ချက် ၁၁၅ ချက်အား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချ

ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် သုံးခွမြို့နယ်ငါးလုပ်ငန်းဦးစီးဌာနရုံး၌ ၂၀၂၆-၂၀၂၇ ခုနှစ် ပထမအကြိမ်မြောက် တင်ဒါပိုက်ချက် ၁၁၅ ချက်အား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ဒေသခံရေလုပ်သားများထံ ရောင်းချခြင်းကို ယနေ့နံနက် ၁၀ နာရီက ကျင်းပကြောင်း သိရသည်။
Subscribe to အမြို့မြို့အနယ်နယ်သတင်းများ