အမြို့မြို့အနယ်နယ်သတင်းများ

လယ်ဝေးမြို့နယ်၌ မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် အကြိုလှုပ်ရှားမှုအခမ်းအနားကျင်းပ

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ပူး‌ပေါင်းကျင်းပသည့် မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် အကြိုလှုပ်ရှားမှုအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၁ နာရီက သဲကောကြီးကျေးရွာ၊ အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။

ရေနံချောင်းမြို့နယ်၌ တစ်ပိုင်တစ်နိုင်မှိုစိုက်ပျိုးထုတ်လုပ်နည်း သင်တန်း ဖွင့်လှစ်

မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်၌ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် အမျိုးသမီးရေးရာအဖွဲ့တို့ပူးပေါင်းကာ ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းရရှိစေရန်နှင့် မိသားစုဝင်ငွေတိုးပွားစေရန်ရည်ရွယ်၍ တစ်ပိုင်တစ်နိုင် မှိုစိုက်ပျိုးထုတ်လုပ်နည်းသင်တန်းကို ယမန်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဖွင့်လှစ်သည်။

စေတုတ္တရာမြို့နယ်တွင် ၂၀၂၆ခုနှစ် ဇူလိုင်လ(၃)ရက်နေ့တွင်ကျရောက်မည့် မြန်မာ့အမျိုးသမီးများနေ့ကြိုဆိုဂုဏ်ပြုသောအားဖြင့် အမျိုးသမီးများအတွက်ဥပဒေအကြောင်းဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမျိုးသမီးရေးရာအဖွဲ့တို့ပူးပေါင်း၍ ၂၀၂၆ခုနှစ် ဇူလိုင်လ၃ရက်တွင်ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အမျိုးသမီးများအတွက်ဥပဒေအကြောင်းဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်၈နာရီအချိန်က မြို့နယ်လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပသည်။

မန္တလေးခရိုင်၊ လူထုအခြေပြုဗဟိုဌာန၌ စာဖတ်စွမ်းရည်ပြိုင်ပွဲ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ပြပွဲများ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မန္တလေးခရိုင်၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ယနေ့ နံနက် ၁၀ နာရီခွဲက စာဖတ်စွမ်းရည် ပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ပြပွဲများ ကျင်းပခဲ့သည်။

ပင်းတယမြို့နယ်၌ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း(ဒုတိယ)အကြိမ် ဆင်းပွဲကျင်းပ

‎ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၊ ‌ဈေးတန်းရပ်ကွက်ရှိ ဒေသအသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနရုံးတွင် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းဆောင်ရွက်မည့် အသေးစား၊ အငယ်စား စီးပွားရေးလုပ်ငန်းများပေါ်ထွန်းလာစေရေး စီမံကိန်းလုပ်ငန်းအတွက် လူသုံးကုန်ထုတ်မှုနည်းပညာသင်တန်း (ဒုတိယ) အကြိမ်ဆင်းပွဲ အခမ်းအနားကို ယမန်နေ့ကကျင်းပခဲ့ကြောင်း သိရသည်။

ဘုတ်ပြင်းမြို့၌ Placement Test (အထူး) စာမေးပွဲ ဒုတိယနေ့ဆက်လက်ဖြေဆို

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့တွင် ၂၀၂၁–၂၀၂၂ ပညာသင်နှစ်မှစ၍ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းပြင်ပသို့ ရောက်ရှိနေသည့် ကျောင်းနေအရွယ် ကလေးများအတွက် Placement Test (အထူး) စာမေးပွဲကို ဇွန်လ ၁၅ ရက်နေ့မှ အထက(ဘုတ်ပြင်း)စာစစ်ဌာနတွင် ကျောင်းသားကျောင်းသူများ ဝင်ရောက်ဖြေဆိုလျက်ရှိသည်။

မန္တလေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ ကျင်းပ

မန္တလေးတိုင်း‌ဒေသကြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မန္တလေးခရိုင်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့ နံနက် ၁၀ နာရီက မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောခဲ့သည်။

မဟာအောင်မြေမြို့နယ်၌ အမှတ်(၁) အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၌ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် လူငယ်ရေးရာ အသိပညာ‌ပေး ဟောပြောပွဲကျင်းပ

‎‎မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ အမှတ်(၁) အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၌ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက်ပိုင်းက ကျင်းပသည်။

အောင်လံမြို့၌ ၂၀၂၆ ခုနှစ်၊ မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့နယ်တွင် အောင်လံခရိုင် အမျိုးသမီးရေးရာအဖွဲ့မှကြီးမှူးကျင်းပသော ၂၀၂၆ ခုနှစ်၊ မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က အောင်လံမြို့၊ အ.ထ.က(၃) ရွှေရတုခန်းမ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။

ရွှေကျင်မြို့တွင် လူကုန်ကူးမှုအန္တရာယ်အကြောင်း အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြသခြင်း ဆောင်ရွက်ပေး

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်တွင် လူကုန်ကူးမှုအန္တရာယ်အကြောင်း အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြသခြင်းကို ယမန်နေ့နံနက် (၁၀) နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အမျိုးသမီးရေးရာအဖွဲ့နှင့် မြို့မရဲစခန်းတို့ ပူး‌ပေါင်း၍ လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to အမြို့မြို့အနယ်နယ်သတင်းများ