တန့်ယန်းမြို့နယ်တွင် ဒေသဖွံ့ဖြိုးတိုးတက်စေရန်အတွက် ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲ ကျင်းပ
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်သော စစ်ကြောင်းကြီး (၅)ကြောင်းဖြင့် မြို့နယ်အတွင်းရှိ ကျေးရွာများမှ ဒေသခံတိုင်းရင်းသား ပြည်သူလူထုများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက ခိုယောင်းကျေးရွာအုပ်စု၌ ကျင်းပပြုလုပ်ခဲ့သည်။