တနင်္သာရီတိုင်းဒေသကြီး

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို မြိတ်တက္ကသိုလ် သုဒဿနဓမ္မာရုံ ရေစက်သွန်းချ အလှူတော်မင်္ဂလာအခမ်းအနား တက်ရောက်

တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုသည် တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဇူလိုင် (၃) ရက် နံနက်ပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် စေတနာရှင်အလှူရှင်များ၊ ဆရာ/မများနှင့် ကျောင်းသား/သူများ စုပေါင်းလှူဒါန်းမှုဖြင့် တည်ဆောက်ပြီးစီးခဲ့သော မြိတ်တက္ကသိုလ် သုဒဿနဓမ္မာရုံရေစက်သွန်းချ အလှူတော် မင်္ဂလာအခမ်းအနားသို့ တက်ရောက်သည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို မြန်မာအမျိုးသမီးများနေ့အခမ်းအနား တက်ရောက်

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုသည် တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ဇူလိုင် (၃) ရက် နံနက်ပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူး၍ မြိတ်မြို့၊ ပုလဲရတနာခန်းမတွင် ကျင်းပမည့် ၂ဝ၂၅ ခုနှစ် “မြန်မာအမျိုးသမီးများနေ့” အခမ်း အနား တက်ရောက်ကြသည်။

ထားဝယ်မြို့၌ မူလတန်းအဆင့်ကျောင်းပြင်ပ ပညာရေးသင်ကြားမှု စတင်ဖွင့်လှစ်

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့တွင် အကြောင်းအမျိုးမျိုးကြောင့် ကျောင်းသင်ပညာရေးနည်းလမ်းဖြင့် သင်ကြားခွင့်မရရှိခဲ့သူများ၊ ကျောင်းမနေခဲ့ရသူများကို ကျောင်းပြင်ပပညာရေးနည်းလမ်းဖြင့် သင်ကြားပေးနိုင်ရေးအတွက် မူလတန်းအဆင့် ကျောင်းပြင်ပပညာရေးသင်ကြားမှု အစီအစဉ်ကို အမှတ် (၁) အခြေခံ ပညာကျောင်း၌ ယနေ့ညနေပိုင်းတွင် စတင်ဖွင့်လှစ်ခဲ့သည်။

ခမောက်ကြီးမြို့တွင် ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းများ ဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့တွင် အသက် ၅ နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား လစဥ်ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်း၌ ခမောက်ကြီးမြို့ ကျေးလက်ကျန်းမာရေးဌာနခွဲတွင် ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကော့သောင်းခရိုင်အတွင်းရှိ ရဲမှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ဝင်များအား လက်ဆောင်ပစ္စည်းများပေးအပ်

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကော့သောင်းခရိုင်အတွင်းရှိ ရဲမှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ဝင်များအား လက်ဆောင်ပစ္စည်းများပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက် ၉  နာရီခန့်က ကော့သောင်းမြို့ မဉ္ဇူသကခန်းမတွင်ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး၊ သယံဇာတရေးရာဝန်ကြီးနှင့် တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရဲမှူး ကြီးမြင့်ထွန်းနှင့် တိုင်းဒေသကြီးမှတာဝန်ရှိသူများ၊ ခရိုင်နှင့်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် ရဲမှုထမ်းဟောင်းအဖွဲ့ဝင်များတက်ရောက်ကြသည်။

သရက်ချောင်းမြို့နယ်၌ မွေးကင်းစမှ အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ပုံမှန်ကာကွယ်ဆေးများ တိုက်ကျွေး၊ ထိုးနှံပေး

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်အတွင်းရှိ မွေးကင်းစမှ အသက်(၂)နှစ်အောက် ကလေးသူငယ်များအားကျန်းမာရေးစောင့်ရှောက်မှုဖြင့် ပုံမှန်ကာကွယ်ဆေး တိုက်ကျွေး/ထိုးနှံပေးခြင်းကို ဇူလိုင်လ ၁ ရက်နေ့ကစတင်၍ သရက်ချောင်းမြို့၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ ဆောင်ရွက်ပေးလျက်ရှိသည်။

ပလောက်မြို့၌ ယူရီးယားဓာတ်မြေဩဇာများကို ဈေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူးရောင်းချ

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ပလောက်မြို့ မြေသြဇာဖြန့်ဖြူးရေးကော်မတီမှ ဦးဆောင်၍ မိုးစပါးစိုက်ပျိုးသူ တောင်သူများအား ယူရီးယားဓာတ် မြေဩဇာများကို ဈေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူးရောင်းချခြင်းအခမ်းအနားကို ယနေ့နံနက်(၉)နာရီကပလောက်မြို့ စိုက်ပျိုးရေး ဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။

သရက်ချောင်းမြို့နယ်၌ မိုးစပါးစိုက်ပျိုးရန်အတွက် တောင်သူများအား မိုးစပါးစိုက်ပျိုးစရိတ် ချေးငွေများ ဆက်လက်ထုတ်ချေးပေး

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ မြို့နယ်အတွင်းရှိ မိုးစပါးစိုက်ပျိုးသည့် တောင်သူများအား ၂၀၂၅ ခုနှစ်၊ မိုးစပါးစိုက်ပျိုးရန်အတွက် စိုက်ပျိုးစရိတ် ချေးငွေများကို ယနေ့နံနက် (၉:၃၀) မှ စတင်၍ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ဝန်ထမ်းများက စနစ်တကျ ထုတ်‌ချေးပေးလျက်ရှိကြောင်း သိရသည်။

ပုလောမြို့နယ်၌ ယူရီယားဓာတ်မြေဩဇာများကို ဈေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူးရောင်းချ

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်မြေသြဇာဖြန့်ဖြူးရေးကော်မတီမှ ဦးဆောင်၍ မိုးစပါးစိုက်ပျိုးသူ တောင်သူများအား ယူရီယားဓာတ်မြေဩဇာများကို ဈေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူးရောင်းချခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ပုလောမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။

တနင်္သာရီတိုင်းဒေသကြီးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ဆောင်ရွက်‌‌နေမှုများအား ကွင်းဆင်းကြည့်ရှု၍ လိုအပ်သည်များ လမ်းညွှန်မှာကြား

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြတ်ကိုနှင့် တိုင်း‌ဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့ရှိ ကော့သောင်းခရိုင်နှင့်မြို့နယ်တရားရုံးသစ် အဆောက်အဦ တည်ဆောက်သည့် လုပ်ငန်းအဆောက်အဦနှင့် ခရိုင်နှင့်မြို့နယ်ဥပဒေရုံးသစ်ဆောက်လုပ်မည့် လုပ်ငန်းနေရာများသို့ ယနေ့နံနက် (၁၀) နာရီခန့်က သွားရောက်ကွင်းဆင်းကြည့်ရှုကြကြောင်း သိရသည်။
Subscribe to တနင်္သာရီတိုင်းဒေသကြီး