တနင်္သာရီတိုင်းဒေသကြီး

ကော့သောင်းမြို့တွင် ကျောင်းကျန်းမာရေးဆိုင်ရာ အသိပညာပေး ဟောပြောခြင်း၊ ကျောင်းကျန်းမာရေးစစ်ဆေးခြင်းများ ဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆရာ၊ ဆရာမများက ကော့သောင်းမြို့အတွင်းရှိ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေး‌ကျောင်းများ၌ ကျောင်းကျန်းမာရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်း၊ ကျောင်းကျန်းမာရေး စစ်ဆေးခြင်းများကို ဇူလိုင်လ ဒုတိယပတ်မှစ၍ သတ်မှတ်‌ကျောင်းများအလိုက် ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ကော့သောင်းမြို့၊ အ.လ.က (ခွဲ) ၃ မိုင်ကျောင်း၌ ကျောင်းကျန်းမာရေးဆိုင်ရာ အသိပညာပေး ဟောပြောခြင်း၊ ကျောင်းကျန်းမာရေးစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ကျွန်းစုမြို့၌ ဗိုလ်ချုပ်လမ်းမကြီးတစ်လျှောက် လမ်းဘေးဝဲယာတွင် ပြည်သူ့အကျိုးပြု စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ပြည်သူ့အကျိုးပြု စုပေါင်းသန့်ရှင်းရေးကို ယနေ့နံနက် ၈ နာရီအချိန်က ဗိုလ်ချုပ်လမ်းမကြီးတစ်‌လျှောက် လမ်းဘေးဝဲယာ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို ရှေးဦးပြုစုခြင်းအခြေခံသင်တန်း (၃/၂၀၂၅) ပြီးမြောက်ခြင်း အခမ်းအနားသို့ တက်ရောက်

၂၀၂၄-၂၀၂၅၊ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တနင်္သာရီတိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီနှင့် ထားဝယ်တက္ကသိုလ် ကြက်ခြေနီအသင်းတို့ ပူးပေါင်းဖွင့်လှစ်သော ရှေးဦးပြုစုခြင်း အခြေခံသင်တန်း (၃/၂၀၂၅) ပြီးမြောက်ခြင်းအခမ်းအနားကို ယနေ့နံနက် ၈ နာရီက ထားဝယ်မြို့၊ ထားဝယ်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။

ထားဝယ်မြို့၌ဒီရေတောထိန်းသိမ်းရေးနှင့် ဒေသခံပြည်သူအစုအဖွဲ့သစ်တော လုပ်ငန်းဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ကျင်းပ

တနင်္သာရီတိုင်းဒေသကြီးသစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူး၏ကြီးကြပ်မှုဖြင့်သစ်တောဦးစီးဌာနနှင့် ထားဝယ်ပညာရေးကောလိပ်တို့ပူးပေါင်း၍ ပင်လယ်ကမ်းရိုးတန်းဒေသဘက်စုံစီမံအုပ်ချုပ်လုပ်ကိုင်မှု ICM အစီအစဉ်ပထမ(၅)နှစ် စီမံချက်အရဒီရေတောထိန်းသိမ်းရေးနှင့် ဒေသခံပြည်သူအစုအဖွဲ့ သစ်တောလုပ်ငန်းဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ထားဝယ်ပညာရေး ဒီဂရီကောလိပ်၊ တိက္ခပညာခန်းမ၌ ကျင်းပခဲ့သည်။

တနင်္သာရီတိုင်းဒေသကြီးတွင် ဆိုလာနည်းပညာဖြင့် (၂၀) မဂ္ဂါဝပ် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး စီမံကိန်းဆိုင်ရာ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် Southern Green Power Co.,Ltd တို့အကြား မြိတ်မြို့နယ်၊ စန္ဒဝတ်ကျေးရွာတွင် ဆိုလာနည်းပညာဖြင့် (၂၀) မဂ္ဂါဝပ် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး စီမံကိန်းအတွက် ဖြစ်မြောက်နိုင်စွမ်းရှိ/ မရှိ အကြိုစူးစမ်းလေ့လာမှုလုပ်ငန်းများ ဆောင်ရွက်ရန် ချုပ်ဆိုသည့် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးချုပ်ဆိုမည့် အခမ်းအနားကို ယနေ့နံနက် (၁၀) နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ထားဝယ်မြို့၌ နိုင်ငံဝန်ထမ်းအငြိမ်းစားများအား Unique Indentity ကတ်ပြားဆောင်ရွက်ပေးလျက်ရှိ

နိုင်ငံတော်၏တာဝန်ထမ်းဆောင်ခဲ့သည့်နိုင်ငံဝန်ထမ်းအငြိမ်းစားများအား ပင်စင်လစာထုတ်ပေးရာတွင် လိုအပ်လျက်ရှိသည့် UID(Unique  Indentity)  ကတ်ပြားထုတ်ပေးခြင်းလုပ်ငန်းကို လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန လောင်းလုံးမြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက  ယနေ့နံနက်ပိုင်း က ထားဝယ်မြို့၊ မြန်မာ့စီးပွားရေးဘဏ်၌ ဆောင်ရွက်ပေးလျက်ရှိသည်။

ထားဝယ်မြို့၌ ကလေးအလုပ်သမားပပျောက်ရေး အခြေခံစက်ချုပ်သင်တန်းဖွင့်

တနင်္သာရီတိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီက ကျင်းပသော အခြေခံစက်ချုပ်သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၈ နာရီ က ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ကျင်းပသည်။

ဘုတ်ပြင်းမြို့၌ အားကစားနှင့်လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင် ဘုတ်ပြင်းမြို့နယ်တွင် အခြေခံပညာဦးစီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ အားကစားနှင့်လူငယ်ရေးရာအသိပညာ‌ပေးဟောပြောပွဲကို ဇူလိုင်လ ၂၈ ရက်နေ့က အတွင်းဘုတ်ပြင်းကျေးရွာအုပ်စု ကရိုင်တိုင်ကျေးရွာ အမက-၂၂၄ ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ခမောက်ကြီးမြို့၊ အ.ထ.က ခ‌မောက်ကြီးကျောင်းတွင် ကျောင်းကျန်းမာရေးအသိပညာပေး ဟောပြောပွဲ‌ဆောင်ရွက်ခြင်း၊ ကျောင်းကျန်းမာရေးစစ်ဆေးခြင်း၊ သံဓာတ်အားဆေး တိုက်ကျွေးခြင်းများ ဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့တွင် ကျေးလက်ကျန်းမာရေးဌာန၊ အထွေထွေအုပ်ချုပ်ရေးမှူးဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ဆရာ၊ ဆရာမများပူးပေါင်း၍ အ.ထ.က ခမောက်ကြီးကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများအား တစ်ကိုယ်ရည်သန့်ရှင်းမှုကျန်းမာရေးစစ်ဆေးခြင်းနှင့် သံဓာတ်အားဆေးတိုက်ကျွေးခြင်းကို ဇူလိုင်လ ၂၆ ရက်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။

ထားဝယ်ပညာရေးဒီဂရီကောလိပ်၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ

တနင်္သာရီတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီက ကြီးမှူးကျင်းပသည့် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၉ နာရီ က ထားဝယ်မြို့ ထားဝယ်ပညာရေးဒီဂရီကောလိပ်၊ တိက္ခပညာ ခန်းမ၌ ကျင်းပသည်။
Subscribe to တနင်္သာရီတိုင်းဒေသကြီး