မကွေးတိုင်းဒေသကြီး

ပခုက္ကူအကျဉ်းထောင်မှ အကျဉ်းသား/သူ(၃)ဦးအား ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ဖြင့် လွှတ်ပေး

အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီသည် ပြည်သူလူထုတစ်ရပ်လုံးက လိုလားတောင့်တသည့် ပါတီစုံဒီမိုကရေစီစနစ်ကို အောင်မြင်စွာလျှောက်လှမ်းနိုင်ရေးအတွက် အဓိကထားဆောင်ရွက်လျက်ရှိသည့်အားလျော်စွာ ပြည်သူလူထုပူးပေါင်းဆောင်ရွက်မှုဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ဦးတည်ချက်ချမှတ်ဆောင်ရွက်လျက်ရှိပြီး မကြာမီကျင်းပတော့မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်ပြည်သူအားလုံး ဆန္ဒမဲပေးပိုင်ခွင့်မဆုံးရှုံးစေရေးနှင့် လွတ်လပ်မျှတစွာဆန္ဒမဲပေးနိုင်ရေးအတွက် ပြစ်ဒဏ်လွှတ်ငြိမ်းခွင့်အမိန့်ဖြင့် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူအကျဉ်းထောင်မှ အကျဉ်းသား/သူ(၃)ဦးအား ယနေ့နံနက် ၈ နာရီ ၁၅ မိနစ်အချိန်က ကင်းလွှတ်ခွင့်ပေးခဲ့သည်။

ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီက စိုက်ပျိုးခဲ့သော စပါး ၁၅၄၄ ဧကထိ ရိတ်သိမ်းပြီးစီးပြီဖြစ်ကာ တစ်ဧကလျှင် ၉၂ ဒသမ ၇၁ တင်းနှုန်း ထွက်ရှိ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီက စိုက်ပျိုးခဲ့သော စပါး ၁၅၄၄ ဧကထိ ရိတ်သိမ်းခြွေလှေ့ပြီးစီးပြီဖြစ်ပြီး တစ်ဧကလျှင် စပါး ၉၂ ဒသမ ၇၁ တင်းနှုန်း ထွက်ရှိကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မင်းဘူးမြို့ အ.ထ.က-၁ ကျောင်း၌ ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးစေရေး လူငယ်စကားဝိုင်းဆွေးနွေးပွဲကျင်းပ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးစေရန်နှင့် စာဖတ်ရှိန်မြှင့်တင်နိုင်ရန်ရည်ရွယ်ကျင်းပသည့် လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီခွဲက မင်းဘူးမြို့၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။

ဆင်ပေါင်ဝဲမြို့နယ်၌ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏ မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် ရပ်ကွက်၊ ကျေးရွာအဖွဲ့ခွဲများ လုပ်ငန်းလမ်းညွှန်သင်တန်း ဖွင့်လှစ်

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၌ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏ မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် ရပ်ကွက်၊ ကျေးရွာကော်မရှင်အဖွဲ့ခွဲများ လုပ်ငန်းလမ်းညွှန်သင်တန်းကို ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်ခန်းမ၌ ဖွင့်လှစ်ခဲ့ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ငြိမ်းထွန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောင်ပွဲအရာရှိနှင့် မဲရုံမှူး၊ ဒုတိယမဲရုံမှူး တာဝန်ထမ်းဆောင်မည့် ဆရာ၊ ဆရာမများနှင့် ရပ်ကွက်/ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲတွင် ပါဝင်သည့် သင်တန်းသားများ တက်ရောက်ခဲ့ကြသည်။

ရေနံချောင်းမြို့နယ်၌ အဓိကသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေး တောင်သူများနှင့် တွေ့ဆုံဆွေးနွေး

မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်အတွင်း စိုက်ပျိုးလျက်ရှိသည့် အဓိကသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိစေရေးအတွက် ဒေသခံတောင်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါရုံး၌ ကျင်းပသည်။

မင်းလှမြို့နယ်၌ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ အီလက်ထရောနစ်မဲပေးစက်နည်းပညာ အထောက်အကူသင်တန်းဖွင့်လှစ်

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ပါတီစုံအထွေထွေရွေးကောက်ပွဲ မဲပေးနိုင်ရေးအတွက် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ အီလက်ထရောနစ်မဲပေးစက်နည်းပညာ အထောက်အကူသင်တန်းကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ကံမမြို့နယ်၌ ရေနံနှင့်ရေနံထွက်ပစ္စည်းများဆိုင်ရာလုပ်ငန်းများ ကြီးကြပ်စစ်ဆေး

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်အတွင်း ရေနံနှင့်ရေနံထွက်ပစ္စည်းများဆိုင်ရာလုပ်ငန်းများ ကြီးကြပ်ရေးဆပ်ကော်မတီမှ စစ်ဆေးခြင်းအား မြို့နယ်အုပ်ချုပ်ရေးနှင့်စီမံခန့်ခွဲရေးကော်မတီဥက္က မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မင်းနိုင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ခင်ဝင်းဇော်၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ဦးရဲညွန့်တို့မှ ယနေ့နံနက် (၁၀) နာရီက စစ်ဆေးဆောင်ရွက်ခဲ့ကြသည်။

တောင်တွင်းကြီးမြို့နယ်တွင် တစ်ပိုင်တစ်နိုင် ခရမ်းစိုက်ပျိုးခြင်းဖြင့် အပိုဝင်ငွေရရှိ

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်ရှိ ဒေသခံအချို့သည် မိသားစုဝင်ငွေတစ်ခုအနေဖြင့် တစ်ပိုင်တစ်နိုင် ခရမ်းစိုက်ပျိုးရာမှ အပိုဝင်ငွေရရှိလျက်ရှိသည်။

ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ဖြင့် မ​ကွေးအကျဉ်းထောင်မှ အကျဉ်းသား/သူ(၁၄)ဦး လွှတ်ပေး

အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီသည် ပြည်သူလူထုတစ်ရပ်လုံးက လိုလားတောင့်တသည့် ပါတီစုံဒီမိုကရေစီစနစ်ကို အောင်မြင်စွာလျှောက်လှမ်းနိုင်ရေးအတွက် အဓိကထား ဆောင်ရွက်လျက်ရှိသည့် အားလျော်စွာ ပြည်သူလူထုပူးပေါင်းဆောင်ရွက်မှုဖြင့် အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရေး ဦးတည်ချက်ချမှတ် ဆောင်ရွက်လျက်ရှိပြီး မကြာမီကျင်းပတော့မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်ပြည်သူ အားလုံး ဆန္ဒမဲပေးပိုင်ခွင့် မဆုံးရှုံးစေရေးနှင့် လွတ်လပ်မျှတစွာ ဆန္ဒမဲပေးနိုင်ရေးအတွက် ပြစ်ဒဏ် လွှတ်ငြိမ်းခွင့်အမိန့်ဖြင့် မ​ကွေးအကျဉ်းထောင်မှ အကျဉ်းသား/သူ(၁၄) ဦးအား ယနေ့ နံနက် (၈) နာရီ ၁၀ မိနစ်အချိန်က လွှတ်ပေးခဲ့သည်။

မင်းတုန်းမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြောပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့ အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ယမန်နေ့ မွန်းလဲ ၁ နာရီခွဲက မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေး‌ဟောပြောပွဲကျင်းရာ အထက်တန်းကျောင်းသား/ကျောင်းသူ (၂၀၀)ဦး တက်ရောက်ခဲ့ကြသည်။
Subscribe to မကွေးတိုင်းဒေသကြီး