မကွေးတိုင်းဒေသကြီး

မင်းလှမြို့နယ် မလွန်အ‌ခြေခံပညာအထက်တန်းကျောင်းတွင် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေးစစ်ဆေးကုသပေးခြင်း ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊  သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် မကွေးတိူင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ ၂၀၂၅ ခုနှစ် မတ်လတွင် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအား  ကျန်းမာရေး စစ်ဆေးပေးပြီး ဆေးကုသဆောင်ရွက်ပေးခြင်းကို ယမန်နေ့မွန်းလွဲ(၁)နာရီက မလွန်အခြေခံပညာအထက်တန်းကျောင်း၌ ဆောင်ရွက်ပေးခဲ့သည်။

နတ်မောက်မြို့နယ်၌ သဘာဝမြေဩဇာနှင့် သစ်စိမ်းမြေဩဇာများပြုလုပ်ရန် ပိုက်ဆံလျှော် မျိုးစေ့ထုတ် စိုက်ခင်းများ စိုက်ပျိုးလျက်ရှိ

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့၌ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် စိုက်ပျိုးရေးတောင်သူများ သီးနှံစိုက်ပျိုးရာတွင် အသုံးပြုရန်အတွက် သဘာဝမြေဩဇာနှင့် သစ်စိမ်းမြေဩဇာများ ပြုလုပ်ရန် ပိုက်ဆံလျှော်မျိုးစေ့ထုတ်စိုက်ခင်းများ စိုက်ပျိုးထားရှိကြောင်း သိရသည်။

နတ်မောက်မြို့နယ်အတွင်း၌ စိုက်ပျိုးထားရှိသော ဥစားကြက်သွန်နီစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်တွင် စားဖိုချောင်သုံးသီးနှံတစ်မျိုးဖြစ်သည့် ဥစားကြက်သွန်နီများကို ကျေးလက်နေပြည်သူများအနေဖြင့် မြေအောက်ရေပေးသွင်းခြင်းဖြင့် စိုက်ပျိုးလျက်ရှိရာ စိုက်ပျိုးထားသော ကြက်သွန်နီများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

ဆိပ်ဖြူမြို့နယ်တွင် ယာယီနေရပ်စွန့်ခွာပြည်သူများအား ပံ့ပိုးငွေပေးအပ်ခြင်း ဆောင်ရွက်

မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် ယာယီနေရပ်စွန့်ခွာ ပြည်သူများအား ပံ့ပိုးငွေပေးအပ်ခြင်းကို ဖေဖော်ဝါရီ ၂၃ ရက်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ငွေသဲဖြူခန်းမ၌ ပြုလုပ်သည်။

မင်းဘူးမြို့၌ ဌာနဆိုင်ရာရုံးများ မီးဘေးလုံခြုံရေးနှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လက်တွေ့သရုပ်ပြ မီးငြှိမ်းသတ်ခြင်း အသိပညာပေးဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၌ ဌာနဆိုင်ရာရုံးများ မီးဘေးလုံခြုံရေးနှင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး စစ်ဆေးခြင်းနှင့် အသိပညာပေး လက်တွေ့သရုပ်ပြ မီးငြှိမ်းသတ်ခြင်းအစီအစဉ်များကို ယနေ့နံနက်ပိုင်းက ခရိုင်နှင့် မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးဝင်းအတွင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တောင်တွင်းကြီးမြို့နယ်အတွင်းရှိ စားသုံးဆီအရောင်းဆိုင်များတွင် ပြည်သူများအား စားသုံးဆီများကို ရည်ညွှန်းစျေးနှုန်းဖြင့် ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြိုနယ်တွင် စားသုံးဆီများရောင်းချလျက်ရှိသော စျေးဆိုင်များအား သတ်မှတ်ရည်ညွှန်းစျေးနှုန်းဖြင့် ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့ နံနက် (၁၀) နာရီက မြို့ပေါ်ရပ်ကွက်များနှင့် မြို့မစျေးအတွင်းရှိ စားသုံးဆီအရောင်းဆိုင်များအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

တောင်တွင်းကြီးမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းသား/ကျောင်းသူများ နှစ်ဆုံးတတ်မြောက်မှုစာမေးပွဲများ ဖြေဆို

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းသား/ကျောင်းသူများ နှစ်ဆုံးတတ်မြောက်မှု(ကျောင်းတွင်းစစ်)စာမေးပွဲများကို ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှ စတင်၍ ဖြေဆိုကြောင်း သိရသည်။

မြို့သစ်မြို့နယ်တွင် ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် ထောက်ပံ့ငွေ ပေးအပ်

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်တွင် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေမှ ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် ထောက်ပံ့ငွေပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက မြို့သစ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

မင်းလှမြို့နယ်တွင် ထန်းကိုင်းကျေးရွာတွင်‌ ရွှေဖလားကြက်သွန်စိုက်ပျိုးမှု အောင်မြင်ဖြစ်ထွန်း

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ် ထန်းကိုင်းကျေးရွာတွင် ရွှေဖလားကြက်သွန် စိုက်ပျိုးထားရှိမှု အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

သရက်မြို့၌ ဆေးရုံအထောက်အကူပြုအဖွဲ့အစည်းအဝေးနှင့် ဆေးရုံသုံးစက်ပစ္စည်းများ လှူဒါန်းပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ ဆေးရုံအထောက်အကူပြုအဖွဲ့အစည်းအဝေးနှင့် ဆေးရုံသုံး စက်ပစ္စည်းများ လှူဒါန်းပွဲအခမ်းအနားကို ယနေ့ န့နက်(၁၀) နာရီက ခရိုင်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ဆောင်ရွက်ခဲ့သည်။
Subscribe to မကွေးတိုင်းဒေသကြီး