မကွေးတိုင်းဒေသကြီး

ရေနံချောင်းမြို့၌ အငြိမ်းစား နိုင်ငံ့ဝန်ထမ်းများ၏ ပင်စင်လစာငွေများ ဆက်လက်ထုတ်ပေး

မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ယခုလ ၂၁ ရက်နေ့က စတင်ထုတ်ပေးလျက်ရှိရာ ကျန်ရှိနေသူများအား ယနေ့နံနက်ပိုင်းက ဆက်လက်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင် မြန်မာ့သနပ်ခါး ယဉ်ကျေးမှုဓလေ့ပြပွဲနှင့်ပြိုင်ပွဲ အခမ်းအနား တက်ရောက်

မကွေးတိုင်းဒေသကြီး၊ မြန်မာ့သနပ်ခါး ယဉ်ကျေးမှုဓလေ့ပြပွဲနှင့် ပြိုင်ပွဲအခမ်းအနားကို မတ်လ ၂၃ ရက်နေ့ နံနက်ပိုင်းက မကွေးမြို့၊ မြို့တော်ခန်းမ၌ကျင်းပရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် ဇနီး၊ အနောက်ပိုင်းလေတပ်ကွပ်ကဲမှု ဌာနချုပ်မှူး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြန်မာ့သနပ်ခါး အလှမယ်ပြိုင်ပွဲဝင်များနှင့် သနပ်ခါးချစ်သူများ တက်ရောက်ခဲ့ကြသည်။

ဆင်ပေါင်ဝဲမြို့၌ အခြေခံပညာအလယ်တန်းနှင့် မူလတန်းဘာသာရပ်စွမ်းရည်မြှင့် ဆွေးနွေးပွဲပြုလုပ်

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ အခြေခံပညာအလယ်တန်းနှင့် မူလတန်းဘာသာရပ်စွမ်းရည်မြှင့် ဆွေးနွေးပွဲ/သင်တန်းကို ယနေ့နံနက် ၉ နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း၌ ဖွင့်လှစ်ခဲ့သည်။

သရက်မြို့၌ ဆေးပဒေသာပင်အလှူငွေပေးအပ်ပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ ဆေးပဒေသာပင် အလှူငွေပေးအပ်ပွဲအခမ်းအနားကို ယနေ့ နံနက် (၁၀)နာရီက သရက်ခရိုင် ပြည်သူ့ဆေးရုံအစည်းအဝေးခန်း၌ ကျင်းပရာ ခရိုင်ဆရာဝန်ကြီးနှင့် ဝန်းထမ်းများ၊ အလှူရှင်များ တက်ရောက်ခဲ့ကြသည်။

ကံမမြို့နယ်၌ အခြေခံပညာမူလတန်းဆင့်နှင့်အလယ်တန်းဆင့် စွမ်းရည်မြှင့်မွမ်းမံသင်တန်းဖွင့်လှစ်

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့ အခြေခံပညာအထက်တန်းကျောင်း မြဝတီခန်းမ၌ ယနေ့နံနက် (၉) နာရီက ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာမူလတန်းဆင့်နှင့် အလယ်တန်းဆင့် စွမ်းရည်မြှင့်မွမ်းမံသင်တန်းဖွင့်ပွဲ အခမ်းအနားကို ပြုလုပ်ရာ မြို့နယ်ပညာရေးမှူး ဦးတင်မြင့်က အဖွင့်အမှာစကားပြောကြားပြီးနောက် ဒုတိယမြို့နယ်ပညာရေးမှူး ဦးမျိုးသူရအောင်နှင့် ဒုတိယမြို့နယ်ပညာရေးမှူး ဦးကျော်ဝေယံတို့က သင်တန်းရေးရာနှင့် သင်တန်းစည်းကမ်းတို့နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ကြသည်။

ရေနံချောင်းမြို့နယ်၌ သင်ကြားသင်ယူမှုထိရောက်စေရန် ဘာသာရပ်စွမ်းရည်မြှင့်မွမ်းမံသင်တန်းဖွင့်လှစ်

မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမများအား သင်ကြားသင်ယူမှု ပိုမိုထိရောက်အကျိုးရှိစေရန် ရည်ရွယ်၍ ဘာသာရပ်စွမ်းရည်မြှင့် မွမ်းမံသင်တန်းဆွေးနွေးပွဲကို ယနေ့နံနက် (၉) နာရီက အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ ဖွင့်လှစ်ပို့ချလျက်ရှိကြောင်း သိရသည်။

ပခုက္ကူမြို့၊ အမှတ် (၁) မြို့မစည်ပင်သာယာဈေးကြီး မီးဘေးအန္တရာယ် လုံခြုံရေးကွင်းဆင်းစစ်ဆေး

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ အမှတ် (၁) မြို့မစည်ပင်သာယာဈေးကြီးနှင့်ဈေးသူဈေးသားများ မီးဘေးအန္တရာယ်ကင်း‌ဝေးစေရေးနှင့် လုံခြုံ‌စိတ်ချမှုရှိစေရေးရည်ရွယ်၍ ယနေ့ နံနက် ၉ နာရီအချိန်က တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးကြသည်။

နတ်မောက်မြို့၊ မြို့မဈေးကြီး အတွင်း/အပြင်၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး ဆောင်ရွက်ထားမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မဈေးကြီး အတွင်း/အပြင်၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး ဆောင်ရွက်ထားမှု အခြေအနေအား မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဦးစီးအရာရှိနှင့် ဈေးတာဝန်တို့မှ ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

နတ်မောက်မြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး ပုံပြင်ပြောပြိုင်ပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ဘက်စုံသုံးခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေး ယနေ့နံနက် ၉ နာရီခွဲ အချိန်က ပုံပြင်ပြောပြိုင်ပွဲ ကျင်းပခဲ့သည်။  
Subscribe to မကွေးတိုင်းဒေသကြီး