မကွေးတိုင်းဒေသကြီး

အောင်လံမြို့နယ်၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် “ကျောင်းအပ်နှံရေးရက်သတ္တပတ်” မြေစိုက်ပိုစတာ ဆိုင်းဘုတ်စိုက်ထူခြင်းနှင့် အမွှေးနံ့သာရည်များ ပက်ဖျန်း

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့နယ်တွင် ၂၀၂၆ - ၂၀၂၇ ပညာသင်နှစ်၊ “နိုင်ငံတော်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်နှင့်အညီ ကျောင်းအပ်နှံရေးရက်သတ္တပတ် မြေစိုက်ပိုစတာ ဆိုင်းဘုတ်စိုက်ထူခြင်းကို ယနေ့နံနက် ၈ နာရီခွဲက မြို့နယ်ပညာရေးမှူးရုံးရှေ့၌ စုပေါင်းဆောင်ရွက်ခဲ့ကြသည်။

ကံမမြို့နယ်၌ အငြိမ်းစားဝန်ထမ်းများ၏ မေလအတွက် ပင်စင်လစာငွေများအား ပုံမှန်ထုတ်ပေး

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်၌ အငြိမ်းစားဝန်ထမ်းများ၏ မေလအတွက်   ပင်စင်လစာငွေများကို  မြန်မာ့စီးပွားရေးဘဏ်တွင် ယနေ့နံနက်(၆)နာရီမှ စတင်၍  ထုတ်ပေးလျက်ရှိရာ ရပ်ကွက်ကျေးရွာများမှ ပင်စင်စားများအား ပင်စင်လစာငွေများကို ပုံမှန်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

တောင်တွင်းကြီးမြို့နယ်တွင် ကျောင်းအပ်နှံရေးသီတင်းပတ် ဆိုင်းဘုတ်စိုက်ထူပွဲ ကျင်းပ

"နိုင်ငံတော်စဥ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံကြပါစို့”ဟူသော ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၏ ကျောင်းအပ်နှံရေး သီတင်းပတ်ဆောင်ပုဒ်နှင့်အညီ ကျောင်းနေအရွယ်ကလေးအားလုံး အခြေခံပညာသင်ကြားနိုင်ရေး နှိုးဆော်တိုက်တွန်းသည့်အနေဖြင့် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်တွင် ကျောင်းအပ်နှံရေးသီတင်းပတ် ဆိုင်းဘုတ်စိုက်ထူပွဲကို ယနေ့နံနက်ပိုင်းက မြို့နယ်လမ်းစုံ၌ ကျင်းပပြုလုပ်သည်။

ငဖဲမြို့နယ်တွင် မြစိမ်းရောင် မျိုးကောင်းမျိုးသန့်(မွေးဘဏ်) စနစ်ဖြင့် ဒေသနွား အမကောင်ရေ ၅၀ ဖြန့်ဖြူးပေးအပ်

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် မြစိမ်းရောင် မျိုးကောင်းမျိုးသန့်(မွေးဘဏ်)စနစ်ဖြင့် ဒေသနွား အမကောင်ရေ ၅၀ ဖြန့်ဖြူးပေးအပ်ပွဲကို ယနေ့နံနက် ၉ နာရီက ချောင်းဖြူကျေးရွာဓမ္မာရုံ၌ကျင်းပသည်။

ပခုက္ကူမြို့၌ ရှေးဟောင်းသမိုင်းဝင်သီဟိုဠ်ရှင် မြတ်စွာဘုရားကြီး၏ နယုန်လဗုဒ္ဓပူဇနိယပွဲတော်အတွက် ဈေးဆိုင်ခန်းတစ်ချို့ စတင်ဖွင့်လှစ်ရောင်းချနေပြီဖြစ်

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို၌ ပုဂံပြည့်ရှင် အလောင်းစည်သူမင်းကြီးကိုယ်တိုင် တည်ထားကိုးကွယ်တော်မူခဲ့သော ရှေးဟောင်းသမိုင်းဝင်သီဟိုဠ်ရှင် မြတ်စွာဘုရားကြီး၏ နယုန်လဗုဒ္ဓပူဇနိယပွဲတော်ကို မေလ ၂၃ ရက်မှ ဇွန်လ ၇ ရက်နေ့အထိ ၁၆ ရက်ကြာ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ရာ ယခုအခါ ဈေးဆိုင်ခန်းတစ်ချို့ စတင်ဖွင့်လှစ်ရောင်းချနေပြီဖြစ်ကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ်၌ မိုးရွာသွန်းပြီးလေပြင်းတိုက်ခတ်မှုကြောင့် အများပြည်သူသွားလာသော ကားလမ်းမပေါ် သစ်ပင်များလဲကျပြီး လမ်းပိတ်ဆို့မှုဖြစ်ပွား ဌာနဆိုင်ရာများ စုပေါင်း၍ ခုတ်ထွင်ဖယ်ရှားရှင်းလင်း

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်တွင် ယမန်နေ့ ညနေ ၄ နာရီ ၂၅ မိနစ်ခန့်က မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုဖြစ်ပွားခဲ့သဖြင့် အများပြည်သူသွားလာသော မြို့တွင်းမိန်းလမ်းမကြီးနှင့် ပွင့်ဖြူ - မင်းဘူး - မကွေးသွား ကားလမ်းမပေါ်သို့ သစ်ပင်ကြီးများလဲကျကာ လမ်းပိတ်ဆို့မှုဖြစ်ပွားခဲ့ကြောင်းသိရသဖြင့် ဌာနဆိုင်ရာများစုပေါင်း၍ အများပြည်သူ အန္တရာယ်ကင်းစွာသွားလာနိုင်ရန်အတွက် သွားရောက်ခုတ်ထွင်ဖယ်ရှားရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မင်းဘူး(စကု)မြို့နယ်၌ ရက်(၁၀၀)စီမံချက်အတွင်း ပြည်ထောင်စု နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးရေရရှိရေးလုပ်ငန်းများဆောင်ရွက်မည့် ဒေသခံတောင်သူများအား ချေးငွေများပေးအပ်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန(ရေအရင်းအမြစ်)က ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ရက်(၁၀၀)စီမံချက်အတွင်း ပြည်ထောင်စုနိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးရေရရှိရေးလုပ်ငန်းများဆောင်ရွက်မည့် ဒေသခံတောင်သူများအား ချေးငွေများပေးအပ်ပွဲကို ယမန်နေ့ နေ့လယ် ၁ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ ပဲစင်းငုံ ၆၆၁၁ ဧက စိုက်ပျိုးမည်

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ ပဲစင်းငုံ ၆၆၁၁ ဧက စိုက်ပျိုးမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

သရက်မြို့နယ်၏ ကျောင်းအပ်နှံရေး သီတင်းပတ်အထိမ်းအမှတ် ပိုစတာစိုက်ထူပွဲ အခမ်းအနား ကျင်းပ

မကွေးတိုင်းဒေသကြီး သရက်မြို့၌ ကျောင်းနေအရွယ်ကလေးများ အခြေခံပညာရေးကို လက်လှမ်းမှီသင်ယူနိုင်ခွင့်ရရှိရေးအတွက် မသင်မနေရအခမဲ့ပညာရေးစနစ်ကို ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ကျောင်းအပ်နှံရေးနေ့ သီတင်းပတ်အထိမ်းအမှတ် ပိုစတာစိုက်ထူးခြင်းအခမ်းအနားကို ယနေ့ နံနက်(၈)နာရီခွဲက မြို့နယ်ပညာရေးမှူးရုံးရှေ့၌ ဆောင်ရွက်ခဲ့သည်။

ပွင့်ဖြူမြို့၌ မြို့ပြသာယာစိမ်းလန်းစိုပြည်စေရေးအတွက် စိုက်ပျိုးရန် ပန်းအလှပင်များ ပြုစုပျိုးထောင်ထားရှိ

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့က ပွင့်ဖြူမြို့အား မြို့ပြအင်္ဂါရပ်နှင့်အညီ အစဉ်အမြဲ သန့်ရှင်းသာယာလှပစေရန်အတွက် မြို့တွင်းလမ်းဘေး(ဝဲ ၊ ယာ)များနှင့် ပြည်သူများ စိတ်အပန်းဖြေနေရာဖြစ်သည့် ပွင့်မာလာပန်းဥယျာဉ်ခြံတွင် ပန်းအလှပင်များစိုက်ပျိုးရန်အတွက် မေ ၁၉ ရက်နေ့က ပန်းအလှပင်ပြုစုပျိုးထောင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to မကွေးတိုင်းဒေသကြီး