စစ်ကိုင်းတိုင်းဒေသကြီး

ဝါးခယ်မမြို့မစျေးတွင် မီးဘေးကြိုတင်ကာကွယ်ရေး လေ့ကျင့်ခြင်းဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ စျေးရပ်ကွက်၊ မြို့မစျေးတွင် ယမန်နေ့မွန်းလွဲ ၃ နာရီက မီးဘေးကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းကို ဆောင်ရွက်ခဲ့သည်။

ကန့်ဘလူမြို့၌ ပုံမှန်အတိုင်း ရောင်းဝယ်ဖောက်ကားလျက်ရှိပြီး ကျောင်းများလည်း ပုံမှန်အတိုင်း သင်ကြား

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့တွင် ဒီဇင်ဘာ ၁၀ ရက်က စျေးများ၊ စာသင်ကျောင်းများ၊ လက်ဖက်ရည်ဆိုင်များ၊ ရုံးများ ပုံမှန်အတိုင်း လှုပ်ရှားဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။

ကန့်ဘလူမြို့နယ်၌ လူငယ်နှင့်မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြောပွဲနှင့် စာအုပ်စာစောင်၊ နံရံကပ်စာစောင်ပြပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ ဆိပ်ဖူးမြောင်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၌ လူငယ်နှင့်မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြောပွဲနှင့် စာအုပ်စာစောင်၊ နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့နံနက် ၁၀ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

ကသာမြို့၌ ဒို့အတူတူမဲပေးကြမယ် လက်ကမ်းစာစောင်များဆက်လက်ဖြန့်ဝေ

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်နေ့၌ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပြည်သူများအားလုံးပါဝင်နိုင်ရန်‌ရေး၊ နိုင်ငံသားတိုင်းမဲပေးပိုင်ခွင့် အခွင့်အရေးပြည့်ဝစွာ ရရှိ‌စေရေး၊ မဲ‌ပေးခြင်းသည် နိုင်ငံသားများမှ အမျိုးသား‌ရေး တာဝန်ထမ်းဆောင်ခြင်းဖြစ်‌ကြောင်း ပြည်သူအားအသိပညာပေးလှုံ့ဆော်သည့် “ဒို့အတူတူမဲပေးကြမယ်” လက်ကမ်းစာစောင်များကို ယနေ့နံနက် ၉ နာရီအချိန်တွင် လူစည်ကားရာ ကသာမြို့ မြို့မဈေးကြီး ဖြန့်ဝေခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာအားကစားလ လူထုလှုပ်ရှားမှုအထိမ်းအမှတ် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလားဝန်ကြီးဌာနပေါင်းစုံနှင့် တက္ကသိုလ်/ဒီဂရီကောလိပ်ပေါင်းစုံ အားကစားပြိုင်ပွဲများ ဖွင့်ပွဲအခမ်းအနားတက်ရောက်

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာအားကစားလ လူထုလှုပ်ရှားမှု အထိမ်းအမှတ် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလားဝန်ကြီးဌာနပေါင်းစုံနှင့် တက္ကသိုလ်/ဒီဂရီကောလိပ်ပေါင်းစုံ အားကစားပြိုင်ပွဲများ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ပြည်သူ့အားကစားကွင်းတွင်ကျင်းပရာ ဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီးတရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ဝန်ထမ်းများ၊ ဝန်ကြီးဌာနများနှင့် တက္ကသိုလ်/ဒီဂရီကောလိပ်များမှ ပြိုင်ပွဲဝင်အသင်းအုပ်ချုပ်သူများနှင့် အားကစားသမားများ တက်ရောက်ကြကြောင်း သိရသည်။

ကျွန်းလှမြို့နယ်၌ (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများကျင်းပရေး ညှိနှိုင်းဆွေးနွေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများကျင်းပရေး ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရွှေဘိုမြို့၌ မြန်မာအီလက်ထရောနစ် (MEVM) မဲပေးစက်များအား Installation ပြုလုပ်ဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ရွှေဘိုခရိုင်၊ ရွှေဘိုမြို့တွင် မြန်မာအီလက်ထရောနစ် မဲပေးစက်များ Installation ပြုလုပ်ခြင်းကို ဒီဇင်ဘာ ၉ ရက် နံနက် ၉ နာရီချိန်က မြို့နယ်အထွေထွအုပ်ချုပ်ရေးဦးစီးဌာနအစည်းဝေးခန်းမ ၌ ဆောင်ရွက်ခဲ့သည်။

စစ်ကိုင်းတိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးညွန့်ဝင်းအောင် ငလျင်ဘေးပြန်လည်ထူထောင်ရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးညွန့်ဝင်းအောင်၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းနှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းတွင် မန္တလေးငလျင်ကြီးလှုပ်ခတ်ခဲ့မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ရာဇမဏိစူဠာကောင်းမှုတော်စေတီတော်မြတ်ကြီး၏ တောင်ဘက်စောင်းတန်းနှင့် မုခ်ဦး အသစ်ပြန်လည်တည်ဆောက်နေမှု၊ စေတီတော်မြတ်ကြီး ဘက်စုံပြန်လည် ပြုပြင်မွမ်းမံ

ကျွန်းလှမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြော၊ နံရံကပ်စာစောင်၊ စာအုပ်စာစောင်ပြသ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူး‌ပေါင်းပြီး ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်နှင့် ပြည့်စုံစေရန်ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောခြင်းနှင့် နံရံကပ်စာစောင်၊ စာအုပ်စာစောင်ပြပွဲကို ယနေ့နံနက် ၉ နာရီခွဲက ပျဉ်းမမြိုင်ရပ်ကွက်၊ အခြေခံပညာအလယ်တန်းကျောင်းခွဲ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရွှေဘိုမြို့တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအသိပညာပေးနှိုးဆော်

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့နယ်အတွင်း မီးလန့်မူ မီးလောင်မူများ မဖြစ်ပွားစေရေးအတွက် ပြည်သူများ မီးဘေးအသိ မီးဘေးသတိရှိစေရန် ယမန်နေ့ နေ့လယ် ၁၂ နာရီ ၃၀ နာရီအချိန်တွင် ရွှေဘိုမြို့နယ်မီးသတ်စခန်းမှ လက်ထောက် မီးသတ်ဦးစီးမှူး ဦးသန်းထိုက်အောင် ဦးဆောင်၍​ မီးသတ်တပ်ဖွဲ့၀င် (၄) ဦးတို့သည် ရပ်ကွက် (၆) ရပ်ကွက်တွင် မီးဘေးကြိုတင်ကာကွယ် ရေးလှည့်လည် သတိပေးနှိုး‌ဆော်ခြင်းဆောင်ရွက်ခဲ့ပါကြောင်း သိရသည်။
Subscribe to စစ်ကိုင်းတိုင်းဒေသကြီး