ရွှေဘိုမြို့၌ မြို့နယ် ပြည်တွင်း/ပြင်ပမှ ပြန်လည်ပေးပို့လာသည့် ကြိုတင်မဲများအား ဖွင့်ဖောက်စစ်ဆေး
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် မြို့နယ်ပြည်တွင်း/ပြင်ပမှ ပေးပို့လာသော ကြိုတင်မဲများ ဖွင့်ဖောက်မှုကို ယမန်နေ့ ညနေပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပရာ ခရိုင်/မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့၀င်များ၊ ပါတီကိုယ်စားပြုကိုယ်စားလှယ်များ မြို့မိမြို့ဖများ တက်ရောက်ခဲ့သည်။