စစ်ကိုင်းတိုင်းဒေသကြီး

စစ်ကိုင်းမြို့တွင် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် နေအိမ်များအတွက် ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားကျင်းပ

စစ်ကိုင်းမြို့နယ်တွင် မန္တလေးငလျင်ကြီးလှုပ်ခတ်ခဲ့မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် နေအိမ်များအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီမှ ထောက် ပံ့ငွေ ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက စစ်ကိုင်းမြို့နှစ်(၇၀၀) အားကစား ကွင်းတွင် ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှဒုတိယဗိုလ်ချုပ်ကြီးသက်ပုံ၊ စစ်ကိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးညွန့်ဝင်းအောင်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ နေအိမ်ထိခိုက်ပျက်စီးခဲ့သည့် ပြည်သူများ တက်ရောက်ကြကြောင်း သိရသည်။

ရွှေဘိုမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်ရာခိုင်နှုန်း( ၃၃.၁၈) ရာခိုင်နှုန်းရှိ​ကြောင်းသိရ​

၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူစာရင်းကို ဇူလိုင်လ ၂၇ ရက်ကထုတ်ပြန်ရာ စစ်ကိုင်းတိုင်းတိုင်းဒေသကြီး၊ ​ရွှေဘိုမြို့နယ်တွင် အောင်ချက်ရာခိုင်နှုန်း  (၃၃.၁၈) ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးထံမှ သိရသည်။

တမူးမြို့တွင် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများ ထုတ်ပြန်ကြေငြာ

၂၀၂၅ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲများကို တစ်နိုင်လုံးတွင် ဇူလိုင်လ(၂၇)ရက်နေ့ နံနက်(၆)နာရီအချိန်က မြို့နယ်များရှိ စာစစ်ဌာနများ၌ ထုတ်ပြန်ကြေငြာခဲ့သည်။

ကျွန်းလှမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ၌ ကျောင်းသား၊ ကျောင်းသူ (၁၆၀) ဦး ၆၅ ဒသမ ၅၇ ရာခိုင်နှုန်းအောင်မြင်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စားမေးပွဲ၌ ကျောင်းသား၊ ကျောင်းသူ (၁၆၀) ဦး ၆၅ ဒသမ ၅၇ ရာခိုင်နှုန်းအောင်မြင်ကြောင်း သိရသည်။

မုံရွာမြို့၌ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအားBiometric Data ကောက်ယူပြီး UID ကတ် ထုတ်ပေး

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့၊ မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်ထုတ်ယူလျက်ရှိသော နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား Biometric Data ကောက်ယူ၍ Unique Identification Number (UID) ကတ်ထုတ်ပေးခြင်းကို ဇူလိုင်လ ၂၃ ရက်နေ့မှစတင်၍ မုံရွာမြို့ ပြည်သူ့အားကစားကွင်းအတွင်းရှိ ဖူဆယ်အားကစားခန်းမ၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးသန်းဌေး ဦးဆောင်သော ဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိသည်။

သဲဖြူတောရဓမ္မရိပ်သာ ဆရာတော်ကြီး ဦးဆောင်၍ ပေါက္ကံဖောင်ဒေးရှင်းမှ ဟုမ္မလင်းမြို့နယ်အတွင်းရှိ မျက်စိဝေဒနာရှင်များအတွက် စက္ခုဒါနအလှူတော် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်တက်ရောက်

သဲဖြူတောရဓမ္မရိပ်သာ ဆရာတော်ကြီး ဦးဆောင်၍ ပေါက္ကံဖောင်ဒေးရှင်းမှ စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့နှင့်အနီးဝန်းကျင်ရှိကျေးရွာများမှ မျက်စိဝေဒနာရှင်များအတွက် စက္ခုဒါနအလှူတော်ကို ယမန်နေ့နံနက်ပိုင်းတွင် ဟုမ္မလင်းမြို့၊ ကုတင် ၁၀၀ ဆံ့၊ ပြည်သူ့ဆေးရုံကြီးတွင် စမ်းသပ်ခွဲစိတ်ပေးလျက်ရှိကြောင်း သိရသည်။

ရွှေဘိုတက္ကသိုလ်၌ ၂၀၂၂၅-၂၀၂၆ ပညာသင်နှစ်ဘာသာရပ်ပေါင်းစုံ ပိုက်​ကျော်ခြင်းပြိုင်ပွဲဖွင့်ပွဲ ကျင်းပ

စစ်ကိုင်းတိုင်း​ဒေသကြီး၊​ ရွှေဘိုခရိုင်၊ ရွှေဘိုတက္ကသိုလ်၌  ၂ဝ၂၅-၂ဝ၂၆ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ ပိုက်​ကျော်ခြင်းပြိုင်ပွဲဖွင့်ပွဲကို ယမန်နေ့မွန်းလွဲ(၂)နာရီ အချိန်ကအဆိုပါတက္ကသိုလ်ရှိ​အားကစားရုံတွင် ကျင်းပခဲ့​ကြောင်းသိရသည်။

ကန့်ဘလူမြို့ လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်းကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ဝန်ထမ်းများ မိမိတို့လိုက်နာကျင့်သုံးရမည့် စည်းမျဉ်းစည်းကမ်း၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများကို သိရှိလိုက်နာနိုင်စေရန် ရည်ရွယ်၍ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများစာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲပိုင်း​က လူထုအခြေပြုဗဟိုဌာန၌ ကျင်းပခဲ့သည်။

ကျွန်းလှမြို့နယ်၌ ကျန်းမာရေး အသိပညာပေးခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းများ ကွင်းဆင်းဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ် လယ်လှကျေးရွာတွင် ကျေးလက်နေ ပြည်သူများအား ကျန်းမာရေး အသိပညာပေးခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းကို ယနေ့နံနက် ၁၀ နာရီက အဆိုပါကျေးရွာ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ ကွင်းဆင်းဆောင်ရွက်ပေးကြောင်း သိရသည်။
Subscribe to စစ်ကိုင်းတိုင်းဒေသကြီး