ရွှေကျင်မြို့နယ်တွင် မဲဆန္ဒရှင် အမည်စာရင်း ပြည်စုံမှန်ကန်စေရေး တစ်အိမ်တက်ဆင်း (Door to Door) စနစ်ဖြင့် ဆက်လက် ကွင်းဆင်းဆောင်ရွက်
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင် အမည်စာရင်းများ ဒုတိယအကြိမ် ကပ်ထား ကြေညာပေးလျက်ရှိရာ ပြည်သူများ လာရောက်ကြည့်ရှုမှုအပြင် မဲစာရင်းပါရှိမှု ရှိ/မရှိ သိရှိနိုင်ရန် အတွက် ရပ်ကွက်နှင့် ကျေးရွာအုပ်စုများတွင် ယနေ့နံနက်ပိုင်မှစ၍ တစ်အိမ်တက်ဆင်း (Door to Door) စနစ်ဖြင့် အိမ်တိုင်ရာရောက် ကွင်းဆင်းကောက်ယူရေးအဖွဲ့များက ဆက်လက်ပြီး တိုက်ဆိုင်စစ်ဆေး ကောက်ယူ ဆောင်ရွက်လျက်ရှိသည်။