ပဲခူးတိုင်းဒေသကြီး

နတ်တလင်းမြို့နယ်၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ အားအခမဲ့ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာတက်ကြွသောလူကြီးဘဝရရှိစေရေး အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ပေးခြင်းကို လစဥ်ဆောင်ရွက်လျက်ရှိရာ နတ်တလင်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ ယနေ့နံနက် ၉ နာရီက ပြုလုပ်ခဲ့သည်။

နတ်တလင်းမြို့နယ်၌ အခြေခံပန်းချီရေးဆွဲနည်း သင်တန်းဖွင့်လှစ်

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ယနေ့နံနက်(၉)နာရီက အခြေခံပန်းချီရေးဆွဲနည်းသင်တန်း ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ပေါက်ခေါင်းမြို့နယ်၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား အခမဲ့ကျန်းမာရေးစောင့်‌ရှောက်မှု ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၏ လမ်းညွှန်မှု၊ ပေါက်ခေါင်းမြို့နယ် စီမံအုပ်ချုပ်‌ရေးအဖွဲ့နှင့် ကျန်းမာရေးဦးစီးဌာန၏ ဦးဆောင်မှုတို့ဖြင့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ပေးခြင်းကို ကျန်းမာရေးဦးစီးဌာနက လစဉ်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက ပေါက်ခေါင်းမြို့နယ် ပြည်သူ့ဆေးရုံသံဃာဆောင်၌ အခမဲ့ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ရေတာရှည်မြို့နယ်၌ အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာထုတ်ပေးခြင်းနှင့် အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုများဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ ယနေ့နံနက် (၈) နာရီအချိန်မှစတင်၍ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများကို ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ထန်းတပင်မြို့နယ်၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုပြုလုပ်ပေး

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်အတွင်းရှိ အငြိမ်းစား နိုင်ငံ့ဝန်ထမ်းများအား မြို့နယ်ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး၏စီစဥ်မှုဖြင့် ယနေ့နံနက် (၉) နာရီအချိန်က မြို့နယ်ပြည်သူ့ဆေးရုံဝင်းအတွင်းရှိ လူနာစောင့်များ နားနေဆောင်တွင် ကျန်းမာရေးစောင့်ရှောက်မှု ပြုလုပ်ပေးလျက်ရှိသည်။

ပန်းတောင်းမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား (အခမဲ့) ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်ပေး

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား (အခမဲ့) ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို ယ​နေ့နံနက် (၉) နာရီခွဲအချိန်က မြို့နယ်ပြည်သူ့ဆေးရုံ၌ အခမဲ့စမ်းသပ်ဆေးကုသပေးလျက်ရှိကြောင်း သိရသည်။

(၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အလယ်တန်းအဆင့် ပန်းချီပြိုင်ပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌  ယမန်နေ့နံနက်ပိုင်းက (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် အလယ်တန်းအဆင့် ပန်းချီပြိုင်ပွဲကျင်းပသည်။

ပေါင်းတည်မြို့၌ မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်းအမှတ်စဉ် (၁ /၂၀၂၄) ဖွင့်လှစ်ပို့ချ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ယမန်နေ့နံနက် ၉ နာရီက မြို့နယ်ကြက်ခြေနီအသင်းခွဲမှကြီးမှူး၍ ရှေးဦးပြုစုခြင်းသင်တန်းအမှတ်စဉ်(၁/၂၀၂၄)ကို အခြေခံပညာအထက်တန်းကျောင်း(ပေါင်းတည်)ပညာရတနာခန်းမတွင် ဖွင့်လှစ်ပို့ချသည်။

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးမြို့အား မြို့အင်္ဂါရပ်နှင့်အညီဖြစ်စေရေးနှင့် ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များ ပြန်လည်ဖော်ထုတ်ထိန်းသိမ်းဆောင်ရွက်နေမှုတို့အား ကွင်းဆင်းစစ်ဆေး

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းသည် ဒီဇင်ဘာလ(၂၁)ရက်နေ့၊နံနက်ပိုင်းက ပဲခူးမြို့အား မြို့အင်္ဂါရပ်နှင့်အညီဖြစ်စေရေးနှင့် ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များ ပြန်လည်ဖော်ထုတ်ထိန်းသိမ်းဆောင်ရွက်နေမှုတို့အား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

ဇီးကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ ပန်းချီရေးဆွဲနည်းသင်တန်း ဖွင့်လှစ်

ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင် ဇီးကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ပန်းချီရေးဆွဲနည်းသင်တန်းကို ဒီဇင်ဘာ ၂၁ ရက်က ဖွင့်လှစ်သင်ကြားပေးခဲ့သည်။
Subscribe to ပဲခူးတိုင်းဒေသကြီး