ပဲခူးတိုင်းဒေသကြီး

ပဲခူးမြို့ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌ (၇၈)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို ဟောပြောပွဲ ကျင်းပပြုလုပ်

(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြိုဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ပဲခူးမြို့အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းရှိ ဝိုင်အမ်ဘီအေခန်းမ၍ ကျင်းပပြုလုပ်ခဲ့သည်။

အုတ်တွင်းမြို့နယ်၌ (၇၈)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို မြို့နယ်အဆင့်ကျောင်းပေါင်းစုံ စာစီစာကုံး၊ ကဗျာနှင့်ပန်းချီပြိုင်ပွဲများ ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်အခြေခံပညာဦးစီးဌာနမှ ကြီးမှူးကျင်းပသော (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို မြို့နယ်အဆင့်ကျောင်းပေါင်းစုံစာစီစာကုံး၊ ကဗျာနှင့် ပန်းချီပြိုင်ပွဲများကို ယနေ့နံနက်(၁၀)နာရီ အချိန်က အ.ထ.က(အုတ်တွင်း)ကျောင်း၌ ကျင်းပခဲ့သည်။

ပဲခူးတိုင်းဒေသကြီး(အနောက်)တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးနှင့် အခြေခံပညာအထက်တန်းဆင့် Grade-12 သင်ကြားသင်ယူမှုထိရောက်ရေး စွမ်းရည်မြှင့်ဆွေးနွေးပွဲ ကျင်းပ

ပဲခူးတိုင်းဒေသကြီးပညာရေးမှူးရုံးခွဲ(ပြည်)က ကြီးမှူး၍ ပြည်မြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့နံနက်ပိုင်းက ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ပဲခူးတိုင်းဒေသကြီး(အနောက်) တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးနှင့် အခြေခံပညာအထက်တန်းဆင့် Grade-12 သင်ကြားသင်ယူမှုထိရောက်ရေး စွမ်းရည်မြှင့်ဆွေးနွေးပွဲကျင်းပရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တိုင်း/ခရိုင်/မြို့နယ်ပညာ‌ရေးဌာနတာဝန်ရှိသူများ၊ ပြည်တက္ကသိုလ်မှပါမောက္ခချုပ်နှင့် ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခများ၊ နည်းပြများ၊ အခြေခံပညာအထက်တန်းကျောင်းအုပ်ကြီးများနှင့် သင်တန်းသား/သင်တန်းသူ ဆရာ၊ဆရာမများ‌ တက်‌ရောက်ကြသည်။

တောင်ငူမြို့၌ မီးဘေးလုံခြုံရေးတစ်အိမ်တက်ဆင်း ကွင်းဆင်းစစ်ဆေး

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများသို့ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှ ယနေ့နံနက်ပိုင်းက တစ်အိမ်တက်ဆင်း ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တောင်ငူခရိုင်လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)တို့ ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက စာရေးသူ “ လင်းသိုက်ညွန့် (မြန်မာ့မြေ)”ရေးသားထားသည့် “အောင်မြင်ခြင်းလက်ဆောင်” စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပသည်။

(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် မြို့နယ်အဆင့် ကျောင်းပေါင်းစုံ စာစီစာကုံး၊ ကဗျာနှင့် ပန်းချီပြိုင်ပွဲများ ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ အခြေခံပညာဦးစီးဌာနမှကျင်းပသော (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် မြို့နယ်အဆင့် ကျောင်းပေါင်းစုံ စာစီစာကုံး၊ ကဗျာနှင့် ပန်းချီပြိုင်ပွဲများကို ဇန်နဝါရီလ ၃၀ ရက်နေ့၊ နံနက် ၉ နာရီခွဲအချိန်က အထက(၂)ကျောင်း အောင်ဆန်းခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ဝေါမြို့နယ်၊ ထိန်တပင်ကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးဟောပြောပွဲနှင့် လက်တွေ့မီးငြှိမ်းသတ်မှု သရုပ်ပြဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်၊ ထိန်တပင်ကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးဟောပြောပွဲနှင့် လက်တွေ့မီးငြှိမ်းသတ်မှုသရုပ်ပြခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။

ရွှေကျင်မြို့နယ်၊ ပျဉ်းမပင်ရပ်ကွက်၊ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)တွင် လူငယ်စကားဝိုင်းကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်၊ ပျဉ်းမပင်ရပ်ကွက်၊ အခြေခံပညာအလယ်တန်း‌ကျောင်း(ခွဲ)တွင် လူငယ်များအသိပညာပိုမိုတိုးတက်လာစေရန်၊ ပရိသတ်ရှေ့တွင် ပြောရဲဆိုရဲသည့်သတ္တိများရှိလာစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ယနေ့ နံနက် (၁၀) နာရီအချိန်က လူငယ်စကားဝိုင်းကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရွှေတောင်မြို့နယ်တွင် လေပြင်းဘေးကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးဟောပြောပွဲနှင့် နေအိမ်များအား အားဖြည့်မွမ်းမံခြင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ ကျွန်းကလေးကျေးရွာအုပ်စု၊ ကျွန်းကလေးကျေးရွာနှင့် ရွှေဟင်္သာကျေးရွာအုပ်စု၊ ညောင်ကုန်းကျေးရွာတို့တွင် ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနရုံးမှ လေပြင်းဘေးကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးဟောပြောခြင်းနှင့် နေအိမ်များအား အားဖြည့်မွမ်းမံဆောင်ရွက်ခြင်းကို ယမန်နေ့နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။

ပေါင်းတည်၌ ဆောင်းသီးနှံပဲတီစိမ်း ၉၇၃၁ ဧက စိုက်ပျိုးကာ ဖြစ်ထွန်းအောင်မြင်ရေး ကြိုးပမ်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်၊ ဆောင်းသီးနှံပဲတီစိမ်း စုစုပေါင်း ၉၇၃၁ ဧက စိုက်ပျိုးထားကြပြီး ဖြစ်ထွန်းအောင်မြင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြသည်။
Subscribe to ပဲခူးတိုင်းဒေသကြီး