ပဲခူးတိုင်းဒေသကြီး

ကဝမြို့နယ်၌ လေပြင်းဒဏ်ခံနိုင်ရည်ရှိသော အိုးအိမ်များဖြစ်စေရေး အားဖြည့်၊ မွမ်းမံပြင်ဆင်ခြင်းလုပ်ငန်းဆောင်ရွက်ရန် ညှိနှိုင်း‌ဆွေးနွေးပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ လေပြင်းဒဏ်ခံနိုင်ရည်ရှိသော အိုးအိမ်များဖြစ်စေရေး အားဖြည့်၊ မွမ်းမံပြင်ဆင်ခြင်းလုပ်ငန်းဆောင်ရွက်ရန် ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နံနက်(၁၀)နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အ.မ.က(တည်သီးပြင်)၌ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ ​နံရံကပ်စာ​စောင်နှင့် စာအုပ်ပြပွဲ​ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ ​နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲ​ကို ယနေ့နံနက်(၁၀)နာရီအချိန်က ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ပန်းတောင်းမြို့နယ် အ.မ.က(လွန်)ဝန်လိုကျောင်းတွင် နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲ၊ အသိပညာပေးဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် အခြေခံပညာမူလတန်းလွန်ဝန်လိုကျောင်း၌ နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲ၊ အသိပညာပေးဟောပြောပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများက ယနေ့နံနက်ပိုင်း(၉)နာရီ အချိန်တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ဇီးကုန်းမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များသို့ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် မီးငြှိမ်းသတ်ခြင်းသရုပ်ပြ ကွင်းဆင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်အတွင်း ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြင့်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့က မြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်ကြီးများသို့ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ကျောက်ကြီးမြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှ မိုင်းအန္တရာယ်အသိပညာပေး ဟောပြောပွဲပြုလုပ်

ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၊ အောင်သုခရပ်ကွက် အခြေခံပညာမူလတန်းလွန်ကျောင်း၌ ယနေ့နံနက် ၉ နာရီက မြို့နယ်ကြက်ခြေနီအသင်း(ခွဲ)စီစဥ်မှုဖြင့် မိုင်းအန္တရာယ်အသိပညာပေး ဟောပြောပွဲပြုလုပ်ခဲ့သည်။

အုတ်တွင်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်း၌ အသိပညာပေးလုပ်ငန်းများဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောခြင်းနှင့် စာသင်ကျောင်း အခြေပြုမီးဘေးလုံခြုံရေး အသိပညာပေးဟောပြောခြင်း၊ DCP မီးသတ်ဆေးဘူးဖြင့် မီးငြှိမ်းသတ်ခြင်းနှင့်မီးသတ်ယာဥ်ဖြင့် ရေစိုဇာတ်တိုက်လေ့ကျင့်ခြင်း လက်တွေ့သရုပ်ပြသမှုကို ယမန်နေ့နံနက်(၉)နာရီအချိန် က အ.ထ.က(အုတ်တွင်း)ကျောင်းတွင် ဆောင်ရွက်ခဲ့သည်။

ဖြူးမြို့နယ်၌ စာသင်ကျောင်းအခြေပြုမီးဘေးလုံခြုံရေးအသိပညာပေး မီးငြှိမ်းသတ်ခြင်းသရုပ်ပြ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်မီးသတ်ဦးစီးဌာနမှ ကျောင်းသား/ကျောင်းသူများအား မီးဘေးလုံခြုံရေးအသိပညာများရရှိစေရေးအတွက် စာသင်ကျောင်းအခြေပြုမီးဘေးလုံခြုံရေးအသိပညာပေး၍ မီးငြှိမ်းသတ်သရုပ်ပြသခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းအချိန်က အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူပညာရေးဒီဂရီကောလိပ်တွင် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အားကစားပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က အားကစားခန်းမ၌ ကျင်းပသည်။

ပေါင်းတည်၌ နွေစပါးတိုးချဲ့စိုက်ပျိုးရေးလှုံ့ဆော်ခြင်းနှင့် ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်း ကွင်းသရုပ်ပြသ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ နွေစပါးတိုးချဲ့စိုက်ပျိုးရေး လှုံ့ဆော်ခြင်းနှင့် ကောက်စိုက်စက်ဖြင့် ကွင်းသရုပ်ပြ လက်တွေ့စိုက်ပျိုးပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီခွဲက ကြူတောကန်ကျေးရွာအုပ်စု၊ နတ်ပုတီးကျေးရွာ၊ ကွင်းအမှတ်၁၀၉၂(ခ)၊ လယ်မြေ ၁၀ ဧကရှိ တောင်သူ ဦးမြသန်း၏ စိုက်ပျိုးမြေ၌ ကျင်းပ​ပြုလုပ်ခဲ့ကြသည်။

မင်းလှမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောခြင်းနှင့် နံရံကပ်စာစောင်များပြသ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကျောင်းသား/သူများ အသိပညာဗသုသုတများ တိုးပွား‌လာစေရန်နှင့် စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန်အတွက် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခြင်းနှင့် နံရံကပ်စာစောင်များ ပြသခြင်းကို ယမန်နေ့ နံနက်ပိုင်းက အ.မ.က (လွန်) တာကျိုးနှင့် အ.မ.က ဆင်အိုင်ကျောင်း၌ ပြုလုပ်ခဲ့သည်။
Subscribe to ပဲခူးတိုင်းဒေသကြီး