ပဲခူးတိုင်းဒေသကြီး

ရွှေတောင်မြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်လုပ်ငန်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မိတ်ဖက်ဌာနများနှင့်အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူလေးများ အားလပ်သည့်အချိန်တွင် စာအုပ်စာစောင်များလေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများနှင့် အသိပညာဗဟုသုတများရရှိစေရန်ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ရွေ့လျားစာကြည့်တိုက်သုံးဘီးယာဉ်ဖြင့် နယ်လှည့်စာကြည့်တိုက်စာငှား၊ စာဖတ်ဝန်ဆောင်မှုပေးခြင်း၊ အသိပညာပေးဟောပြောခြင်းနှင့်နံရံကပ်စာစောင်ပြသခြင်းများ ဆောင်ရွက်ခြင်းကို ယမန်နေ့ နေ့လယ်ပိုင်းက(တောင်လုံးညို) အခြေခံပညာမူလတန်းကျောင်းတို့၌ ပြုလုပ်ခဲ့သည်။

အုတ်ဖိုမြို့တွင် ကလေးများနေ့အထိမ်းအမှတ်အကြိုအခမ်းအနားကျင်းပ

ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် ကျရောက်မည့် ကလေးများနေ့ကိုကြိုဆိုသောအားဖြင့် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းပိုင် မူလတန်းကြိုကျောင်း၌ ယနေ့နံနက် ၉ နာရီအချိန်က ကလေးများနေ့အခမ်းအနားကို ကျင်းပခဲ့သည်။

ပဲခူးမြို့၊ အမှတ်(၂)မူလတန်းကြိုကျောင်းရှိ မူကြိုကျောင်းသား/ သူများအား မြန်မာကလေးများနေ့အထိမ်းအမှတ် သင်ထောက်ကူ ပစ္စည်းများနှင့် ကလေးကစားစရာပစ္စည်းများ လှူဒါန်း

ဖေဖော်ဝါရီလ (၁၃) ရက်နေ့တွင် ရောက်ရှိမည့် မြန်မာကလေးများနေ့ အထိမ်းအမှတ်အဖြစ် ပဲခူးတိုင်းဒေသကြီး အမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ခင်ဝတ်ရည်နှင့် အဖွဲ့ဝင်များသည် ယနေ့နံနက်ပိုင်းက ပဲခူးမြို့ လူမှုဝန်ထမ်းဦးစီးဌာန၊ အမှတ် (၂) မူလတန်းကြိုကျောင်းသို့ သွားရောက်၍ ကျောင်းအုပ်ဆရာမကြီး ဒေါ်သန္တာဦးထံ ကျောင်းသုံးသင်ထောက်ကူပစ္စည်းများနှင့် မူကြိုကျောင်းသား/ ကျောင်းသူလေးများအား ကစားစရာလက်ဆောင်ပစ္စည်းပေးအပ်လှူဒါန်းခဲ့ကြသည်။

နတ်တလင်းမြို့၌ (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့၌ (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့ နေ့လယ် (၂)နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

ပေါင်းတည်၌ ဖူးစားပြောင်း သီးထပ်စိုက်ပျိုးမှု ဖြစ်ထွန်းအောင်မြင်

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ဖူးစားပြောင်းသီးနှံကို ရာသီမပြတ် စိုက်ပျိုးလျက်ရှိရာ ယခုသီးထပ်စိုက်ပျိုးလျက်ရှိသည့် မန်ကျီးပင်ကျေးရွာအုပ်စု တောင်သူများ၏ပြောင်းစိုက်ခင်းများ ဖြစ်ထွန်းအောင်မြင်လျက်ရှိကြောင်း သိရသည်။

တောင်ငူမြို့၊ အ.ထ.က (၅) သို့ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးနယ်လှည့်ကွင်းဆင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ကလေးငယ်များ အသိပညာဗဟုသုတရရှိစေရေးနှင့် ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ရည်ရွယ်၍ ယမန်နေ့ မွန်းလွဲပိုင်းက တောင်ငူမြို့၊ အမှတ် (၅) အခြေခံပညာအထက်တန်းကျောင်းသို့ Mobile Library သုံးဘီးယာဥ်ဖြင့် ကွင်းဆင်းဆောင်ရွက်သည်။

ဖြူးမြို့နယ် (၁၆)ကုတင်ဆံ့ တိုင်းရင်းဆေးရုံ၌ ဥပဒေအသိပညာပေး ဟောပြောပွဲပြုလုပ်

ကျန်းမာရေးဝန်ကြီးဌာန တိုင်းရင်းဆေးပညာဦးစီးဌာန(ရုံးချုပ်)နှင့် ပဲခူးတိုင်းဒေသကြီးဦးစီးဌာနမှူး၏ လမ်းညွှန်မှုဖြင့် တောင်ငူခရိုင်၊ ဖြူးမြို့နယ် (၁၆)ကုတင်ဆံ့ တိုင်းရင်းဆေးရုံ၌ ဥပဒေအသိပညာပေး   ဟောပြောပွဲကို ယမန်နေ့နံနက်(၁၀)နာရီအချိန်မှစတင်ကာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရေတာရှည်မြို့နယ်၌ (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဘိုးရှမ်းကုန်းကျေးရွာ၌ မူလွန်ကျောင်းဆောင်သစ်ဖွင့်ပွဲ အခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မူလွန်- ဘိုးရှမ်းကုန်းကျောင်း (90`x30`) Steel Structure ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။

ပြည်မြို့ ဂန္ဓမာစက်မှုဇုန်အတွင်း မီးဘေးကြိုတင်ကာကွယ်ရေး စစ်ဆေး

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ် ဂန္ဓမာစက်မှုဇုန်ရှိ စက်ရုံ၊ အလုပ်ရုံများအား မီးလောင်မှုမဖြစ်ပေါ်စေရေးအတွက် မီးဘေးလုံခြုံရေးနှင့် မီးဘေးကြိုတင်ကာကွယ်ရေးစစ်ဆေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ပြည်မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူနှင့်တပ်ဖွဲ့ဝင်များက ကွင်းဆင်းဆောင်ရွက်သည်။

ဒိုက်ဦးမြို့နယ် သံဃာ့နာယကအဖွဲ့ဝင်များ ပြန်လည်ရွေးချယ်ခြင်းဆိုင်ရာ မြို့နယ်သံဃာ့ဝန်ဆောင်အစည်းအဝေးကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်အမှတ် ၉ ရပ်ကွက် သိရိမင်္ဂလာမှန်ကျောင်းရှိ မင်္ဂလာသီရိဓမ္မဗိမာန်တော်ကြီး၌ ယမန်နေ့နံနက် ၉ နာရီအချိန်က ဒိုက်ဦးမြို့နယ်သံဃာ့နာယကအဖွဲ့ဝင်များ ပြန်လည်ရွေးချယ်ခြင်းဆိုင်ရာ မြို့နယ်သံဃာ့ဝန်ဆောင်အစည်းအဝေးကျင်းပခဲ့သည်။
Subscribe to ပဲခူးတိုင်းဒေသကြီး