ဇလွန်မြို့နယ်တွင် အာဟာရအသိပညာပေး ဆင့်ပွားသင်တန်းဖွင့်လှစ်
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လူမှုဝန်ထမ်းဦးစီးဌာန မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ အာဟာရအသိပညာပေး ဆင့်ပွားသင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၁၀ နာရီတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။