မန္တလေးတိုင်းဒေသကြီး

ဝမ်းတွင်းမြို့ရှိ မြို့မဈေးကြီးတွင် မီးဘေးလုံခြုံရေး မီးငြှိမ်းသတ်သရုပ်ပြပွဲ ပြုလုပ်

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏လမ်းညွှန်မှုဖြင့် ဈေးများမီးဘေးအန္တရာယ် ကင်းဝေးစေရန်အတွက် မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ဦးဆောင်၍ ဝမ်းတွင်းဈေး၊ သဲတောဈေးအတွင်းရှိ ဈေးသူ၊ဈေးသားများနှင့် ပူးပေါင်းကာ မီးဘေးကြိုတင်ကာကွယ်ရေး သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းကို ယမန်နေ့က အဆိုပါဈေးများ၌ ပြုလုပ်သည်။

စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်ဆောင်ရွက်၍ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြော

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသားလူငယ်များ စာပေဖတ်ရှုလေ့လာမှု အားကောင်းလာစေရန်ရည်ရွယ်၍ နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်ခြင်းနှင့် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ဟောပြောခြင်းများကို ယမန်နေ့မွန်းလွဲ(၁)နာရီက၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၊ စကားဝါခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျောက်ဆည်မြို့တွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်အမျိုးသမီးရေးရာအကြောင်းသင်တန်းဖွင့်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ယမန်နေ့နံနက် ၁၀ နာရီက ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် အမျိုးသမီးရေးရာအကြောင်း သင်တန်းဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ကျောက်ဆည်၊ စဉ့်ကိုင်၊ မြကျောက်ဆည်၊ စဉ့်ကိုင်၊ မြစ်သားမြို့နယ်များနှင့် ပလိပ်၊ ကူမဲမြို့နယ်ခွဲများတွင် စားအုန်းဆီ (၁၅၂၇) ပိဿာ ရောင်းချပေးစ်သားမြို့နယ်များနှင့် ပလိပ်၊ ကူမဲမြို့နယ်ခွဲများတွင် စားအုန်းဆီ (၁၅၂၇) ပိဿာ ရောင်းချပေး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်အတွင်းရှိ ကျောက်ဆည်၊ စဉ့်ကိုင်၊ မြစ်သားမြို့နယ်များနှင့် ပလိပ်၊ ကူမဲမြို့နယ်ခွဲများတွင် ကျောက်ဆည်ခရိုင် စားသုံးသူရေးရာဦးစီးဌာနနှင့် ကျောက်ဆည်ခရိုင် ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်အသင်းတို့ပူးပေါင်းပြီး ယမန်နေ့က စားအုန်းဆီ (၁၅၂၇) ပိဿာ ရောင်းချပေးခဲ့ကြောင်း သိရသည်။

ပြင်ဦးလွင်မြို့တွင် နဝမအကြိမ် ဘက်စုံသားဖွားဒီပလိုမာအောင်လက်မှတ် အပ်နှင်းခြင်း အခမ်းအနားကျင်းပ  

ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ သားဖွားသင်တန်းကျောင်း (ပြင်ဦးလွင်)၏ နဝမအကြိမ် ဘက်စုံသားဖွားဒီပလိုမာအောင်လက်မှတ်အပ်နှင်းခြင်း အခမ်းအနားကို ယမန်နေ့နံနက် (၉)နာရီအချိန်က ပြင်ဦးလွင်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပြုလုပ်ခဲ့ကြောင်း သိရသည်။

မြန်မာသတင်းအချက်အလက်နည်းပညာတက္ကသိုလ် (MIIT)တွင် လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် လူငယ်စကားဝိုင်း ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ၁၀၇ လမ်း-ငုရွှေဝါလမ်းရှိ မြန်မာသတင်းအချက်အလက်နည်းပညာတက္ကသိုလ် (MIIT)ရှိ Auditorium Hall တွင် လူငယ်များဗလငါးတန်နှင့်ပြည့်စုံပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်နှင့် အသိပညာဗဟုသုတရရှိပြီး နိုင်ငံတော်အတွက် အကျိုးပြု‌နိုင်သောလူငယ်များ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ မြန်မာသတင်းအချက်အလက်နည်းပညာတက္ကသိုလ် (MIIT)နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သော  လူငယ်စကားဝိုင်းကို ယ‌မန်နေ့ မွန်းလွဲ ၁ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

စဉ့်ကိုင်မြို့နယ်တွင် ဌာနဆိုင်ရာများသို့ နယ်လှည့်စာကြည့်တိုက် (Mobile Library) စနစ်ဖြင့် သုတ/ ရသစုံလင်သည့် စာအုပ်၊ စာစောင်များအား (အခမဲ့) လိုက်လံငှားရမ်းပေး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာကြည့်တိုက်လက်ထောက်-၃ ဒေါ်နှင်းအိအိခိုင်နှင့်ဝန်ထမ်းများက မြို့နယ်မီးသတ်ဦးစီးဌာနသို့ သွားရောက်၍  နယ်လှည့်စာကြည့်တိုက် (Mobile Library) စနစ်ဖြင့် သုတ/ရသ စုံလင်သည့် စာအုပ်၊ စာစောင်များ (အခမဲ့) ငှားရမ်းပေးခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မဟာအောင်မြေမြို့နယ်တွင် ဗလငါးတန်နှင့်ပြည့်စုံစေရန် စာဖတ်ရှိန်မြှင့်တင်ရေးနှင့် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ် ကံတက်ကုန်း ဘုန်းတော်ကြီးသင်မူလတန်းလွန်ကျောင်း၌ ယနေ့ မွန်းလွှဲပိုင်းက  စာဖတ်ရှိန်မြှင့်တင်ရေးနှင့်လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ကျင်းပခဲ့သည်။

မိတ္ထီလာမြို့လူထုအခြေပြုဗဟိုဌာန၌ (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြိုပြိုင်ပွဲများ ကျင်းပမည်

မိတ္ထီလာမြို့ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပညာရေးဌာနနှင့်စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) တို့ ပူးပေါင်း၍(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို ပြိုင်ပွဲများကို လူထုအခြေပြုဗဟိုဌာနခန်းမတွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်‌စေ‌ရန် လူ‌ငယ်စကားဝိုင်းဆွေးနွေးပွဲ ကျင်းပ

မန္တ‌လေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနနှင့် အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း(ရမည်းသင်း)တို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူလူငယ်များ အသိပညာဗဟုသုတကြွယ်ဝစေပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်နှင့် လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရန်၊ ဆွေးနွေးပွဲများတွင် ပါဝင်တတ်စေရန်ရည်ရွယ်၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် (၉) နာရီခွဲအချိန်က အစိုးရစက်မှုလက်မှုသိပ္ပံ (ရမည်းသင်း)ခန်းမ၌ ကျင်းပခဲ့သည်။
Subscribe to မန္တလေးတိုင်းဒေသကြီး