မန္တလေးတိုင်းဒေသကြီး

ပျော်ဘွယ်မြို့နယ်တွင် ကျောင်းကျန်းမာရေးအသိပညာပေးဟောပြောခြင်းနှင့် ကျန်းမာရေးစစ်ဆေးပေးခြင်းများ ဆောင်ရွက်

ပျော်ဘွယ်မြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှုအဖြစ် ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေးအသိပညာပေးဟောပြောခြင်း၊ ကျန်းမာရေးစစ်ဆေးပေးခြင်းကို ယနေ့နံနက် ၉ နာရီက အခြေခံပညာအထက်တန်းကျောင်းခွဲ (ရွှေပြည်ရန်နိုင်) တွင် ပြုလုပ်ခဲ့သည်။

သာစည်မြို့မဈေးကြီးရှေ့၌ အခြေခံစားသောက်ကုန်များအား အပတ်စဉ်သောကြာနေ့တိုင်း သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေး

မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်စည်ပင်သာယာရေးအဖွဲ့သည် ပြည်သူများ အခြေခံစားသောက်ကုန်များအား သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူရရှိရေးအတွက် ဧပြီ ၁၁ ရက်က စတင်၍ အပတ်စဉ်သောကြာနေ့တိုင်း ပြည်သူ့သက်သာဈေး ဖွင့်လှစ်ရောင်းချပေးလျက်ရှိကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ ဦးကိုကိုကျော်ထံက သိရသည်။

တံတားဦးမြို့ မြို့မအခြေခံပညာအလယ်တန်းကျောင်းတွင် ကျောင်းကောင်စီ ကတိသစ္စာခံယူခြင်း ကျင်းပ

မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့ မြို့မအခြေခံပညာအလယ်တန်းကျောင်းတွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းကောင်စီ ကတိသစ္စာခံယူခြင်းအခမ်းအနားကို ယနေ့မွန်းလွဲ (၁) နာရီက အဆိုပါကျောင်း အလံရှေ့တွင် ကျင်းပခဲ့ကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ်တွင် ကျောင်းသား/ကျောင်းသူများ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့်စာအုပ်ပြပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် အမှတ် (၁၆) အခြေခံပညာမူလတန်းကျောင်းတွင် ယနေ့နံနက်ပိုင်းက ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး ကျောင်းသား/ကျောင်းသူများ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့်စာအုပ်ပြပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျောက်ဆည်မြို့တွင်လူငယ်များအချိန်ကိုအကျိုးရှိစွာအသုံးချတတ်စေရန်နှင့်ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် အခြေခံကရာတေးပညာများ သင်ကြားပေးလျက်ရှိ

မန္တလေးတိုင်းဒေသကြီး ‌ကျောက်ဆည်ခရိုင် ကျောက်ဆည်မြို့တွင် လူငယ်များအချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်၊ ကျန်းမာကြံ့ခိုင်ပြီး ထူးချွန်အားကစားလူငယ်များ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍  ခရိုင်လူထုအခြေပြုဗဟိုဌာနတွင် အခြေခံကရာတေးပညာများ (အခမဲ့)သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီး အလယ်အလတ် အခွန်ထမ်းများဆိုင်ရာအခွန်ရုံး (၅) ၏ အခွန်ဆိုင်ရာပညာပေး ရှင်းလင်းဆွေးနွေးပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ အလယ်အလတ် အခွန်ထမ်းများဆိုင်ရာအခွန်ရုံး (၅) ၏ အခွန်ဆိုင်ရာ ပညာပေးရှင်းလင်းဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီခွဲတွင် ချမ်းမြသာစည်မြို့နယ်ရှိ အလယ်အလတ်အခွန်ထမ်းများဆိုင်ရာ အခွန်ရုံး (၅) အစည်းအဝေးခန်းမ၌ ကျင်းပသည်။

တံတားဦးမြို့နယ်တွင် လူငယ်ရေးရာဟောပြောပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့မအခြေခံပညာအလယ်တန်းကျောင်းတို့ ပူးပေါင်းပြီး ဇူလိုင်၃ရက်မွန်းလွဲ၁နာရီက လူငယ်ရေးရာဟောပြောပွဲကို အဆိုပါကျောင်းခန်းမ၌ ကျင်းပသည်။

ပုသိမ်ကြီးမြို့နယ်တွင် အခွန်ဆိုင်ရာ အသိပညာပေး ဗီနိုင်းချိတ်ဆွဲထားရှိမှုများ ကွင်းဆင်းစစ်ဆေး

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်အတွင်း ပြေစာအမှတ်တံဆိပ် ကပ်နှိပ်ရောင်းချသောဆိုင်များတွင် အခွန်ဆိုင်ရာ အသိပညာပေး ကြေညာချက်များအား အများပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေး အဆိုပါကြေညာချက်များ ချိတ်ဆွဲထားခြင်းများကို ယမန်နေ့မွန်းလွဲ ၃ နာရီက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

မြစ်သားမြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် မွေးကင်းစမှ (၁)နှစ်ခွဲအောက်ကလေးငယ်များအား ကာကွယ်ဆေးထိုးနှံတိုက်‌ကျွေးပေးခြင်းများဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊  ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် ကျန်းမာရေးဆရာမများနှင့်သားဖွားဆရာမများမှ မြို့ပေါ် (၆) ရပ်ကွက်ရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် မွေးကင်းစမှ (၁)နှစ် ခွဲအောက်ကလေးငယ်များကို ယနေ့နံနက် ၉ နာရီက  စတင်ပြီး လစဉ်ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်‌ကျွေးပေးခြင်းကို အဆိုပါမိခင်နှင့် ကလေးကျန်းမာရေးဌာနရုံးခန်းတွင် ထိုးနှံတိုက်ကျွေးပေးခဲ့ကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ်တွင် နွေသီးနှံစုံနှင် မိုးကြိုသီးနှံစုံ လျာထားဧကထက်(၁၈၁)ဧက ပိုမိုစိုက်ပျိုးနိုင်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ၂၀၂၄-၂၀၂၅ခုနှစ် နွေသီးနှံစုံနှင့် ၂၀၂၅-၂၀၂၆ခုနှစ်   မိုးကြိုသီးနှံစုံ (၅၂၅၃၄)ဧက စိုက်ပျိုးရန်လျာထားသော်လည်း (၅၂၇၁၅))ဧက စိုက်ပျိုးနိုင်သည့်အတွက် လျာထား ဧကထက်(၁၈၁)ဧက ပိုမိုစိုက်ပျိုးနိုင်ကြောင်း မြို့နယ်မြေ စာရင်းဦးစီးဌာနမှ သိရသည်။
Subscribe to မန္တလေးတိုင်းဒေသကြီး