မန္တလေးတိုင်းဒေသကြီး

မန္တလေးတိုင်းဒေသကြီးဥပဒေချုပ်ရုံးတွင် တက္ကသိုလ်နှင့်ဌာနဆိုင်ရာများမှ ဝန်ထမ်းများအား ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း (၂/၂၀၂၅) ဖွင့်ပွဲ အခမ်းအနားကျင်းပ

တက္ကသိုလ်နှင့်ဌာနဆိုင်ရာများမှ ဝန်ထမ်းများအား ဥပဒေအသိပညာပြန့်ပွားရေးဆရာဖြစ်သင်တန်း (Training of Trainer) (၂/၂၀၂၅) သင်တန်းဖွင့်ပွဲအခမ်းအနားကို ဇူလိုင် ၂၁ ရက် နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး ဥပဒေချုပ်ရုံး အစည်းအဝေးခန်းမတွင် ကျင်းပသည်။

မန္တလေးတိုင်းဒေသကြီး ဝန်ကြီးများ သာစည်မြို့နယ်ရှိ ကျွဲတပ်ဆုံ X-Ray စက်တိုးချဲ့တပ်ဆင်ရန် လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေအား ကွင်းဆင်းစစ်ဆေး

မန္တလေးတိုင်းဒေသကြီး ဝန်ကြီးများဖြစ်သည့် သယံဇာတရေးရာဝန်ကြီး ဦးရွှေဇင်၊ လမ်းပန်းဆက်သွယ်ရေးရာ ဝန်ကြီးဦးအောင်ဇော်ဦးနှင့် တာဝန်ရှိသူများသည် ဇူလိုင် ၂၁ ရက် နံနက်ပိုင်းက သာစည်မြို့နယ်ရှိ ကျွဲတပ်ဆုံကျေးရွာအုပ်စု၊ ကျွဲတပ်ဆုံကျေးရွာသို့ ရောက်ရှိပြီး ကျွဲတက်ဆုံ X-Ray စက်တိုးချဲ့တပ်ဆင်ရန် လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ကွင်းဆင်းစစ်ဆေးခဲ့သည်။

ညောင်ဦးမြို့၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ပြန်​ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ဇူလိုင် ၂၁ ရက်၊ နံနက် ၁၀ နာရီက အခြေခံပညာအထက်တန်းကျောင်း(မြို့မ)၊ စုပေါင်းခန်းမ အသိပညာပေးဟော ပြောပွဲဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မိတ္ထီလာမြို့ အ.ထ.က (၄) ၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ အ.ထ.က (၄) ၌ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ စီစဉ်ဆောင်ရွက်သော သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

မြစ်သားမြို့နယ်တွင် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာ ဆင့်ပွားသင်တန်းဆက်လက်ပို့ချ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် မြန်မာ့အီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ် အသုံးပြုခြင်းဆိုင်ရာ ယနေ့ (၈) ကြိမ်မြောက်သင်တန်းကို ဇူလိုင် (၁) ရက်မှ ဇူလိုင် (၂၆) ရက်နေ့အထိ နေ့စဥ် နံနက် (၉) နာရီမှ ညနေ (၃) နာရီအချိန်အထိ ရှမ်းပွဲရပ်ကွက် ရွှေမုဋ္ဌောဘုရား မဟာအတုလဝေယံဘုံမ်မြင့်အတွင်း၌ သင်တန်းဆက်လက် ပို့ချပေးလျက်ရှိသည်။

အမရပူရမြို့နယ်ရှိ ရတနာပုံတက္ကသိုလ်၌ ပျားမွေးမြူရေး ပြည်သူပညာပေးသင်တန်း ပို့ချ

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မွေးမြူရေးနှင့် ကုသရေးလုပ်ဦးစီးဌာန၊ ပျားမွေးမြူမှုဖွံ့ဖြိုးရေးဌာနခွဲနှင့် အမရပူရမြို့နယ်ရှိ အဆင့်မြင့်ပညာဦးစီးဌာန၊ ရတနာပုံတက္ကသိုလ် သတ္တဗေဒဌာနတို့ ပူးပေါင်း၍ ပျားမွေးမြူ ရေး ပြည်သူပညာပေးသင်တန်းကို ဇူလိုင် ၂၁ ရက် နံနက် ၁၀ နာရီက အဆိုပါတက္ကသိုလ်ရှိ သတ္တဗေဒဌာန လက်တွေ့စာသင်ခန်းများတွင် သင်ကြားပို့ချခဲ့သည်။

ချမ်းအေးသာစံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Center) အစည်းအဝေးခန်းမတွင် ပြိုင်ပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပကာ စွမ်းရည်မြှင့်ပြိုင်ပွဲများကို ယနေ့မွန်းလွဲပိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ (Community Center) အစည်းအဝေးခန်းမ၌ ကျင်းပဆောင်ရွက်ခဲ့သည်။

သီးနှံမျိုးစုံ(၃၀၀၅)ဧက ရေပြည့်ဝစွာပေးနိုင်ရေး ထုံးကြီးမြောင်းအား သဲနုန်းတူးဖော်ခြင်းနှင့် နိမ့်ကျနေသည့် မြောင်းဘောင်အစိတ်အပိုင်းများအား မြှင့်တင်ပေးသွားမည်ဖြစ်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ တောင်သူများလူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး ဘဏ္ဍာနှစ်အလိုက် ဆည်၊ မြောင်းများအား ပြန်လည်ပြုပြင်ပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၅-၂၀၂၆  ဘဏ္ဍာနှစ်တွင် သီးနှံမျိုးစုံ(၃၀၀၅)ဧက ရေပြည့်ဝစွာပေးနိုင်ရေး ထုံးကြီးမြောင်းအား သဲနုန်းတူးဖော်ခြင်းနှင့် နိမ့်ကျနေသည့် မြောင်းဘောင်အစိတ်အပိုင်းများအား မြှင့်တင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

တိုင်းဒေသကြီးဝန်ကြီးများ သာစည်မြို့နယ် လူထုလှုပ်ရှားမှုအသွင်ဖြင့် သစ်ပင်စိုက်ပျိုးပွဲ တက်ရောက်စိုက်ပျိုးပေး

မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၌ ၂၀၂၅ ခုနှစ် မိုးရာသီ လူထုလှုပ်ရှားမှုအသွင်ဖြင့် သစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၇ နာရီက မိတ္ထီလာ-တောင်ကြီးကားလမ်းဘေး မိုင်တိုင်အမှတ် ၁၇/၆မှ ၁၈/၀ အထိကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးရွှေဇင်နှင့် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်ဦးတို့က ပိတောက်ပင်များ တက်ရောက် စိုက်ပျိုးပေးခဲ့ကြောင်းသိရသည်။

မဟာအောင်မြေမြို့နယ် အ.မ.က( ၇ ) ၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ အမှတ်(၇) အခြေခံပညာမူလတန်းကျောင်း၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။
Subscribe to မန္တလေးတိုင်းဒေသကြီး