မန္တလေးတိုင်းဒေသကြီး

မဟာအောင်မြေမြို့နယ်၌ ပြည်သူများအား အခြေခံစားသောက်ကုန်များကို အထူးသက်သာသော ဈေးနှုန်းဖြင့် ရောင်းချပေး

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၊ စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံဆန်စက်လုပ်ငန်းရှင် များအသင်း၊ မန္တလေးတိုင်းဒေသကြီး ဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်း၍ ဆန်၊ ဆီ၊ ကြက်ဥ၊ ဘဲဥ၊ ငါးများကို အထူးသက်သာသောဈေးနှုန်းဖြင့် ရုံးဖွင့်ရက်များတွင် မြို့နယ်အလိုက် ရောင်းချပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက မဟာအောင်မြေမြို့နယ်၊ တက္ကသိုလ်ရပ်ကွက်၊ ၇၃လမ်း၊ တက္ကသိုလ်လေ့ကျင့်ရေးရှေ့တို့တွင် ရောင်းချပေးခဲ့သည်။

မြစ်သားမြို့နယ်ရှိ ငလျင်ဘေးသင့်အိမ်ထောင်စုများအား အိမ်ဆောက်ပစ္စည်းနှင့်ဆန်ရိက္ခာဖိုးငွေပေးအပ်

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ်တွင် ၂၀၂၅ခုနှစ် မတ် ၂၈ရက်က မန္တလေးငလျင်ကြီးလှုပ်ခတ်မှုကြောင့် ထိခိုက်သည့်အိမ်ထောင်စုများအတွက် အိမ်ဆောက် ပစ္စည်းဖိုးငွေနှင့်ဆန်ဖိုးငွေပေးအပ်ခြင်းကို ယမန်နေ့မွန်းလွဲပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပေးအပ်ကြောင်းသိရသည်။

ညောင်ဦးခရိုင် သက်ကြီးရွယ်အိုများဆိုင်ရာကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် သက်ကြီးရွယ်အိုများဆိုင်ရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းကို ညောင်ဦးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အစည်း အဝေးခန်းမ၌ ဇူလိုင် ၂၉ ရက် ညနေ ၃ နာရီက ကျင်းပခဲ့သည်။

ဘိုကလေးမြို့နယ်တွင် လူကုန်ကူးမှုနှင့် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်ရှိ ဘိုကလေးပညာရေးဒီဂရီကောလိပ်တွင် ယနေ့နံနက် (၉) နာရီအချိန်၌ လူကုန်ကူးမှုနှင့် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပဆောင်ရွက်သည်။

ညောင်ဦးခရိုင်၌ ခရိုင်အမျိုးသမီးကော်မတီ အသိပညာပေးအခမ်းအနား ကျင်းပ

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ဇူလိုင် ၂၉ ရက်၊ နံနက် ၁၀ နာရီအချိန်က ခရိုင်အမျိုးသမီးကော်မတီ အသိပညာပေးအခမ်းအနားနှင့်လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပခဲ့သည်။

မြစ်သားမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း(Grade 12)စာမေးပွဲ အောင်စာရင်းထုတ်ပြန်ကြေညာ

မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း(Grade 12) စာမေးပွဲအောင် မြင်သူစာရင်းများအား မြန်မာနိုင်ငံတစ်ဝှမ်းရှိ သက်ဆိုင်ရာမြို့နယ်အသီးသီး၏ မြို့ နယ်ပညာရေးမှူးရုံးများနှင့် စာစစ်ဌာနများတွင် ဇူလိုင်လ (၂၇)ရက်နေ့ နံနက်(၄)နာရီက စတင်၍ထုတ်ပြန်လျက်ရှိရာ မြစ်သားမြို့နယ်၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်းအား ကျောင်းသား၊ ကျောင်းသူများနှင့် ကျောင်းသား မိဘများကလာရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။

ဒေသအတွင်းနှင့် အခြားဒေသထွက်ကုန်များ ကုန်စည်စီးဆင်းမှုမြန်ဆန်ရေး ရေတိုက်စားသွားသော လမ်းတာဘောင်အား ပြန်လည်ပြုပြင်ပေး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်လမ်းဦးစီးဌာနမှ မြို့ပြနှင့်ကျေးလက်ကွာဟမှုမရှိစေရေးလမ်း၊ တံတားများအသစ်တည်ဆောက်ပေးခြင်း၊ ပြန်လည်ပြုပြင်ပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ဒေသအတွင်းနှင့် အခြားဒေသထွက်ကုန်များ ကုန်စည်စီးဆင်းမှုမြန်ဆန်ရေး အမှတ် (၂)ခရိုင်ခြင်းဆက်လမ်းမှ ရေတိုက်စားသွားသော လမ်းတာဘောင်တစ်နေရာအား ပြန်လည်ပြုပြင်ပေးလျက်ရှိကြောင်း သိရသည်။ 

ကျောက်ဆည်မြို့နယ်၊ တိုက်နယ်ခုနစ်ခု၌ မိုးသီးနှံစုံ(၂၆၂၇)ဧက စိုက်ပျိုးပြီးဖြစ်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် တိုက်နယ်(၁၂)ခုရှိပြီး ၂၀၂၅-၂၀၂၆ ခုနှစ် မိုးသီးနှံများ စိုက်ပျိုးလျက်ရှိရာ  တိုက်နယ်ခုနစ်ခု၌ ဇူလိုင်လလယ်ထိ မိုးသီးနှံစုံ(၂၆၂၇)ဧက စိုက်ပျိုးပြီးကြောင်း မြို့နယ်မြေစာရင်းဦးစီးဌာနမှ သိရသည်။

မြစ်သားမြို့နယ်တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာဆောင်ရွက်ရေး အသိပညာပေးလုပ်ငန်းများဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာစေရေးနှင့် လိုင်စင်မဲ့ယာဉ်များ စီးနင်းသွားလာမှု မရှိစေရေး အသိပညာ ပေးခြင်းနှင့် စစ်ဆေးဆောင်ရွက်ခြင်းများကို ယနေ့နံနက်ပိုင်းက မြို့အဝင်၊ မြို့အထွက်၊ ဗိုလ်ချုပ်လမ်းမကြီး တစ်လျှောက်နှင့် မြို့နယ်အတွင်းရှိ လမ်းဆုံနေရာများ၌ ဆောင်ရွက်လျက်ရှိသည်။

မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့်ငလျင်ဘေး အသိပညာပေး ဟောပြောခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ် နည်းသရုပ်ပြ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် မီးဘေးအန္တရာယ်ကင်း‌ဝေးရေးအ‌တွက် မြို့နယ်မီးသတ်ဦးစီးမှူးဦး‌ဆောင်၍ အစိုးရစက်မှုလက်မှုသိပ္ပံ(ကျောက်ပန်းတောင်း)ကျောင်း မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် ငလျင်ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်  ၉ နာရီကအစိုးရစက်မှုလက်မှုသိပ္ပံကျောင်း (ကျောက်ပန်းတောင်း) ခန်းမ၌ ဆောင်ရွက်ခဲ့သည်။
Subscribe to မန္တလေးတိုင်းဒေသကြီး