မန္တလေးတိုင်းဒေသကြီး

ချမ်းအေးသာစံမြို့နယ် အမှတ်(၁၂) အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်စကားဝိုင်း ကျင်းပ

အနာဂတ်ကာလတွင် မျိုးဆက်သစ်ကျောင်းသားလူငယ်များ ဥာဏ်ရည်မြင့်မားစေရန်နှင့် အသိပညာဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကာ လူငယ်စကားဝိုင်းအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက ချမ်းအေးသာစံမြို့နယ် အမှတ်(၁၂) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။

အမရပူရမြို့နယ်တွင် ဓနုံးကျေးရွာ ကျေးရွာစာကြည့်တိုက်ဖွင့်ပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ အမရပူရခရိုင်၊ အမရပူရမြို့နယ်၊ ဓနုံး​ကျေးရွာ ဓနုံးစာကြည့်တိုက်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက အဆိုပါစာကြည့်တိုက်ရှေ့တွင် ကျင်းပပြုလုပ်ခဲ့သည်။

မြစ်သားမြို့မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ပင်စင်လစာငွေ ပုံမှန်ထုတ်ပေးလျက်ရှိ

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ်မြန်မာ့စီးပွားရေးဘဏ်တွင် ဩဂုတ်လအတွက် ပင်စင်လစာငွေများကို ယနေ့နံနက် ၅နာရီက စတင်ထုတ်ပေးလျက်ရှိသည်။

ရမည်းသင်းမြို့နယ် သင်းရတနာခန်းမ၌ အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာ စောင်ပြပွဲနှင့်စာအုပ်ပြပွဲ ကျင်းပ

ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့်စာအုပ်ပြပွဲကို သြဂုတ်လ ၁၉ ရက်နေ့ မွန်းလွဲပိုင်းက အ​ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ သင်းရတနာခန်းမ၌ ပြုလုပ်ခဲ့သည်။

ပြည်ကြီးတံခွန်မြို့နယ်၊ အမှတ် (၂၇) စက်မှုစိုက်ပျိုးမွေးမြူရေး အထက်တန်းကျောင်းတွင် ဘောလုံးအားကစား ပြိုင်ပွဲစတင် ဖွင့်လှစ်ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ အမှတ်(၂၇) စက်မှုစိုက်ပျိုးမွေးမြူရေး အထက်တန်းကျောင်းတွင် ယ‌မန်နေ့ ညနေပိုင်းက ကျောင်းကောင်စီမှ ကြီးမှူး၍ ကျင်းပသော ဘောလုံးအားကစားပြိုင်ပွဲ စတင်ဖွင့်လှစ်ကျင်းပခဲ့သည်။

ပြည်ကြီးတံခွန်မြို့နယ် အခြေခံပညာကျောင်းများတွင် ပြင်းထန်ဝမ်းပျက်၊ ဝမ်းလျှောရောဂါ ကာကွယ်ဆေးတိုက်ကျွေး

မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ်ရှိ KG ကျောင်းသား၊ ကျောင်းသူများ ပြင်းထန် ဝမ်းပျက်၊ ဝမ်းလျှောရောဂါဖြစ်ပွားခြင်းမှ ကာကွယ်နိုင်ရန်အတွက် ဝမ်းပျက်၊ ဝမ်းလျှော ရောဂါကာကွယ်ဆေး (Oravacs) တိုက်ကျွေးခြင်းကို ယမန်နေ့နံနက် ၉ နာရီက စတင်ကာ အခြေခံပညာ ကျောင်းများတွင် စတင်တိုက်ကျွေးခဲ့ကြောင်းသိရသည်။

ကျောက်ဆည်မြို့နယ် ဒေသတွင်းစားသုံးဆီဖူလုံရေး မိုးနှမ်းသီးနှံများ စိုက်ပျိုး

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် ကျောက်ဆည်မြို့နယ်တွင် ဒေသတွင်းစားသုံးဆီဖူလုံရေး ဆီထွက်သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ ပန်းခွာကျေးရွာတွင် မိုးနှမ်းသီးနှံ ၂၆ဧက စိုက်ပျိုးထားရှိပြီး အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။ တိုက်နယ်(၁)အုပ်စုတွင် ကျေးရွာအုပ်စု(၇)စုပါဝင်ပြီး ပန်းခွာကျေးရွာအပြင် ကျီးပြကျေးရွာအုပ်စု၌ (၆၉) ဧက၊ သင်ပျိုကျေးရွာအုပ်စု၌ (၁၀၇)ဧက၊ ကျီးအိပ်ကျေးရွာအုပ်စု၌ (၁၃၅)ဧက၊ ဒွေးလှကျေးရွာအုပ်စု၌ (၃၅)ဧက၊ ငါးဆူကျေးရွာအုပ်စု၌ (၁၄၀)ဧက၊ ရှားပင်ကျေးရွာအုပ်စု၌ (၁၀၃)ဧက စိုက်ပျိုးထားကြောင်း သိရသည်။

အောင်မြေသာစံမြို့နယ်တွင် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်မှုကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ အခြေခံပညာအထက်တန်း/ အလယ်တန်း/ မူလတန်း ကျောင်းအုပ်ကြီးများနှင့်တွေ့ဆုံဆွေးနွေး

ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်မှုကော်မတီဥက္ကဋ္ဌနှင့် အခြေခံပညာအထက်တန်း/ အလယ်တန်း/ မူလတန်းကျောင်းအုပ်ကြီးများ တွေ့ဆုံပွဲ အခမ်းအနားကို ဩဂုတ်လ ၂၀ ရက်နေ့ နံနက် ၁၀ နာရီက မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ အမှတ် (၉) အခြေခံပညာအထက်တန်းကျောင်း၊ ဉာဏခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

မန္တလေးတက္ကသိုလ် ရာပြည့်အထိမ်းအမှတ် အာစရိယပူဇော်ပွဲကျင်းပရေးဆပ်ကော်မတီ (ဒုတိယ) အကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

‎‎မန္တလေးတက္ကသိုလ် ရာပြည့်အထိမ်းအမှတ် အာစရိယပူဇော်ပွဲကျင်းပရေးဆပ်ကော်မတီ (ဒုတိယ) အကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဩဂုတ်လ (၂၀) ရက်နေ့က URC အစည်းအဝေး ခန်းမ၌ ကျင်းပခဲ့သည်။
Subscribe to မန္တလေးတိုင်းဒေသကြီး