မန္တလေးတိုင်းဒေသကြီး

ချမ်းမြသာစည်မြို့နယ်အတွင်း ရပ်ကွက်များရှိ မဲဆန္ဒရှင်များ မဲစာရင်းမကျန်ရှိစေရေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ်အတွင်း ရပ်ကွက်များရှိ မဲဆန္ဒရှင်များ မဲစာရင်းမကျန်ရှိစေရေး ကွင်းဆင်းစစ်ဆေးခြင်းကို နိုဝင်ဘာ ၃၀ ရက်နေ့ နံနက်ပိုင်းက မြို့သစ် (၁) ရပ်ကွက်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မိတ္ထီလာမြို့၌ ရွေးကောက်ပွဲတွင် အသုံးပြုမည့် မဲပေးစက်များ Installation လုပ်ငန်း ဆောင်ရွက်နေမှုအား တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေး

မိတ္ထီလာမြို့၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသုံးပြုမည့်မဲပေးစက်များအား Installation လုပ်ငန်းကို အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ယနေ့နံနက်ပိုင်းက ဆောင်ရွက်လျက်ရှိရာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်ဦးနှင့်တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

မဲဆန္ဒရှင်ပြည်သူများ မဲစာရင်းမှန်ကန်စေရေးနှင့် မဲပေးပိုင်ခွင့်ရှိသူများမကျန်ရှိစေရေး မဲစာရင်းကွင်းဆင်းစစ်ဆေး

ဒီဇင်ဘာ ၂၈ ရက်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် အသက် ၁၈နှစ်ပြည့်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်ပြည်သူများ မဲစာရင်းမှန်ကန်စေရေးနှင့် မကျန်ရှိစေရေး အမရပူရမြို့နယ်၌ မြေပြင်ကွင်းဆင်း မဲစာရင်းလိုက်လံစစ်ဆေးခြင်းလုပ်ငန်းကို နိုဝင်ဘာလ ၃၀ ရက်နေ့ နံနက်ပိုင်းက ဒေါင်းရွေးကျေးရွာအုပ်စုနှင့် ဆင်ဘိုးကျေးရွာအုပ်စုတို့တွင် ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ကျေးရွာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များနှင့်ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးသည်။

ပျော်ဘွယ်မြို့နယ်တွင် အသက်(၉)နှစ်မှ (၁၂)နှစ်မပြည့်သေးသူ အမျိုးသမီးငယ်များအား သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး (HPV)ထိုးနှံရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ပျော်ဘွယ်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးဆောင်၍ အသက်(၉)နှစ်မှ အသက်(၁၂)နှစ်မပြည့်သေးသူ အမျိုးသမီးငယ်များအား သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး(HPV)ထိုးနှံရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဒီဇင်ဘာလ ၁ ရက် နံနက် ၁၀ နာရီခွဲက မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ဦးအောင်ကျော်မိုး မနုဟာဘုရား ရွှေသင်္ကန်းကပ်လှူပူဇော်

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ မြင်းကပါကျေးရွာရှိ အေဒီ(၁၁)ရာစု၊ မနုဟာမင်းကြီး တည်ထားကိုးကွယ်ခဲ့သည့် မနုဟာဘုရားကြီး၊ အာရုံခံတိုက်မပေါ်ရှိ စေတီတော် (၃၇)ဆူအား ရွှေသင်္ကန်းတော်ကပ်လှူပူဇော်ခြင်းကို နိုဝင်ဘာ ၃၀ ရက်နေ့မွန်းတည့် ၁၂ နာရီက စတင် ကပ်လှူပူဇော်နေပြီဖြစ်ကြောင်းသိရသည်။

ညောင်ဦးမြို့နယ်၌ မီးဘေးကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေးပညာပေးခြင်းများ ဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်အတွင်း မီးဘေးကြိုတင်ကာကွယ်ရေး ဆောင်ရွက်နိုင်ရန်နှင့် လျှပ်စစ်မီး၊ ထင်းမီးနှင့် Gas မီးများ အသုံးပြုရာတွင် စနစ်တကျ ရှိစေရေး ကွင်းဆင်းပညာပေး ဟောပြောပွဲ ဆောင်ရွက်ခြင်းများကို ဒီဇင်ဘာ ၁ ရက်၊ နံနက် ၁၁ နာရီက ညောင်ဦးမြို့၊ အမှတ်(၁) သာယာဝတီရပ်ကွက်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မန္တလေးခရိုင်၊ လူထုအခြေပြုဗဟိုဌာန၊ ပြည်သူ့စာကြည့်တိုက်၌ ဆောင်းရာသီနှင့်ကျန်းမာရေး အသိပညာပေးဟောပြောပွဲ၊ စာဖတ်ဝိုင်းနှင့် ပြပွဲ၊ ပြိုင်ပွဲများ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မန္တလေးခရိုင်၊ လူထုအခြေပြုဗဟိုဌာန၊ ပြည်သူ့စာကြည့်တိုက်၌ ဒီဇင်ဘာ ၁ ရက်နေ့ နံနက် ၁၀ နာရီက ဆောင်းရာသီနှင့်ကျန်းမာရေး အသိပညာပေးဟောပြောပွဲ၊ စာဖတ်ဝိုင်းနှင့် ပြပွဲ၊ ပြိုင်ပွဲများ ကျင်းပခဲ့သည်။

ကျောက်ဆည်မြို့၌ စာဆိုတော်နေ့အထိမ်းအမှတ် စာပေဟောပြောပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့ သောကြာကြယ်ပရဟိတကျောင်း ဦးလှစိုးခန်းမတွင် စာဆိုတော်နေ့အထိမ်းအမှတ်အဖြစ် နိုဝင်ဘာ ၃၀ ရက်နေ့ မွန်းလွဲ (၂)နာရီက စာပေဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ချမ်းအေးသာစံမြို့နယ်၌ ဒုတိယအကြိမ် မဲစာရင်းများအပေါ် မြေပြင်ကွင်းဆင်းစစ်ဆေး

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသက် ၁၈ နှစ်နှင့်အထက် မဲပေးပိုင်ခွင့်ရှိသည့်နိုင်ငံသားတိုင်း နိုင်ငံသားအခွင့်အရေးမဆုံးရှုံးစေရန် ဆန္ဒမဲပေးနိုင်ရေးအတွက် ဒုတိယအကြိမ်မဲစာရင်းများအပေါ် မြေပြင်ကွင်းဆင်းတိုက်ဆိုင်စစ်ဆေးခြင်းများကို ချမ်းအေးသာစံမြို့နယ်အတွင်းရှိ ရပ်ကွက်များ၌ နိုဝင်ဘာလ ၂၇ ရက်နေ့မှ စတင်ခဲ့ရာ နိုဝင်ဘာ  ၃၀ ရက်နေ့ နံနက်ပိုင်းတွင် ဆက်လက်ဆောင်ရွက်ခဲ့ကြသည်။

​​​​​​​တောင်သာမြို့နယ်၌ မဲဆန္ဒရှင်စာရင်း ပြည့်စုံမှန်ကန်စေရေး မြေပြင်ကွင်းဆင်းစစ်ဆေး

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသက် (၁၈) နှစ်နှင့်အထက် မဲပေးပိုင်ခွင့်ရှိသည့် နိုင်ငံသားတိုင်း၊ နိုင်ငံသားအခွင့်အရေး မဆုံးရှုံးစေရန် ဆန္ဒမဲပေးနိုင်ရေးအတွက် ဒုတိယအကြိမ်မဲစာရင်းများအပေါ် မြို့ပေါ် (၆) ရပ်ကွက်တွင် Door to Door ဖြင့် မဲဆန္ဒရှင်စာရင်းပြည့်စုံမှန်ကန်စေရေး မြေပြင်ကွင်းဆင်းတိုက်ဆိုင်စစ်ဆေးရေးအဖွဲ့ (၇) ဖွဲ့ဖြင့် ၅ ရက်ကြာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
Subscribe to မန္တလေးတိုင်းဒေသကြီး