ရန်ကုန်တိုင်းဒေသကြီး

ဒဂုံမြို့နယ်တွင် လွှတ်တော်ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာများ တွေ့ဆုံမိတ်ဆက်ပွဲ အခမ်းအနားကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ်တွင် ယနေ့နံနက် ၁၀ နာရီအချိန်က လွှတ်တော်ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာများ တွေ့ဆုံမိတ်ဆက်ပွဲအခမ်းအနားကျင်းပခဲ့ကြောင်း သိရသည်။

မြောက်ဥက္ကလာပမြို့နယ် (၁၀၀) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်များ ကွင်းဆင်းဆောင်ရွက်ပေး

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌ နိုင်ငံတော်အစိုးရ၏ ရက် (၁၀၀) စီမံချက်ဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်‌ပေးခြင်းနှင့် Biometric ကောက်ယူကာ UID ကတ်ထုတ်ပေးခြင်းလုပ်ငန်းများကို ယမန်နေ့နံနက်ပိုင်းက (က) ရပ်ကွက်ဓမ္မာရုံတွင် မြေပြင်ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဒဂုံမြိုသစ်(တောင်ပိုင်း)မြို့နယ်တွင် ပြည်သူလူထုအခြေပြု သားအိမ်ခေါင်းကင်ဆာ (HPV) ကာကွယ်ဆေး အခမဲ့ထိုးနှံပေးခြင်းနှင့် အသိပညာပေးဟောပြော

အမျိုးသမီးများတွင် ဖြစ်ပွားမှုမြင့်မားနေသည့် သားအိမ်ခေါင်းကင်ဆာရောဂါ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ပြည်သူလူထုအ‌ခြေပြု သားအိမ်ခေါင်းကင်ဆာရောဂါ (HPV) ကာကွယ်ဆေးကို ဒဂုံမြို့သစ်ခရိုင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် ၁၀၇ ရပ်ကွက်ဓမ္မရုံ၌ ယနေ့ နံနက် ၉ နာရီက မြို့နယ်ပြည်သူ့ကျန်းမာရေးဝန်ထမ်းများက အခမဲ့ထိုးနှံပေးကြောင်း သိရသည်။

လသာမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု‌ ဟောပြောပွဲ၊ ပြပွဲ၊ ပြိုင်ပွဲများကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လသာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအခမ်းအနားကို လသာမြို့နယ် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့နံနက် ၁၁ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

ကမ္ဘာ့သတင်းလွတ်လပ်ခွင့်‌နေ့ (World Press Freedom Day) အခမ်းအနား မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီရုံးတွင် ကျင်းပ

ကမ္ဘာ့သတင်းလွတ်လပ်ခွင့်‌နေ့ (World Press Freedom Day) အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်၊ ကုန်သည်လမ်း အမှတ် ၃၉၂-၃၉၆ ရှိ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီရုံးသင်တန်းခန်းမ၌ ယမန်နေ့ နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

နှစ်(၈၀)ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးအောင်နိုင်သူ တက်ရောက်

နှစ်(၈၀)ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်ရှိ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ် (သီတာခန်းမ)၌ ကျင်းပပြုလုပ်ရာရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးအောင်နိုင်သူ တက်ရောက်၍ အမှာစကားပြောကြားသည်။

ကျောက်တန်းမြို့နယ် ၌ ၂၀၂၅ - ၂၀၂၆ ခုနှစ်၊ မျိုးစေ့ချ ကိရိယာ (Seeder) ဖြင့် စိုက်ပျိုးသည့် (မှော်ဘီ - ၃) နွေစပါး စံကွက် ရိတ်သိမ်းပွဲ နှင့် မိုးစပါး မျိုးသန့်မျိုးပွား မျိုးစေ့၊မျိုးစေ့ချကိရိယာ(Drum Seeder)၊ ပိုက်ဆံလျှော် မျိုးစေ့၊ သဘာဝမြေဩဇာများ ပေးအပ်ပွဲအခ

ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၊ ညောင်ဝိုင်းကျေးရွာ အုပ်စု၌ ကျင်းပပြုလုပ်သည့် မိုးစပါး မျိုးသန့် မျိုးပွား မျိုးစေ့၊ မျိုးစေ့ချ ကိရိယာ (Drum Seeder)၊ ပိုက်ဆံလျှော် မျိုးစေ့၊ သဘာဝမြေဩဇာများပေးအပ်ပွဲနှင့်၂၀၂၅ - ၂၀၂၆ ခုနှစ်၊ မျိုးစေ့ချ ကိရိယာ (Seeder) ဖြင့် စိုက်ပျိုးသည့် (မှော်ဘီ - ၃) နွေစပါး စံကွက် ရိတ်သိမ်းပွဲ အခမ်းအနားကိုကျောက် တန်းမြို့နယ် ညောင်၀ိုင်းကျေးရွာအုပ်စု၌ ယနေ့နံနက် ၈ နာရီက ကျင်းပပြုလုပ်ခဲ့သည်။        

ဗဟန်းအမျိုးသမီးဆေးရုံ၌ ကမ္ဘာ့ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရေး ရက်သတ္တပတ် (၂၀၂၆) အထိမ်းအမှတ်ကျင်းပ

ကမ္ဘာ့ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရေး ရက်သတ္တပတ် (၂၀၂၆) အထိမ်းအမှတ်ကို ယမန်နေ့ နံနက်ပိုင်းတွင် ကမာရွတ်ခရိုင်၊ ဗဟန်းမြို့နယ်ရှိ ဗဟန်းအမျိုးသမီးဆေးရုံ၌ ကျင်းပသည်။

၂၀၂၆ ခုနှစ် ဘတ်စကက်ဘော Training for Trainers သင်တန်းဖွင့်လှစ်ပို့ချ

အားကစားရေးရာဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံ ဘတ်စကက်ဘောအဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သည့် ၂၀၂၆ ခုနှစ် ဘတ်စကက်ဘော Training for Trainers သင်တန်းဖွင့်လှစ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် (၉) နာရီက ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်မြို့နယ်၊ အနောက်မြင်းပြိုင်ကွင်းလမ်းရှိ ကျိုက္ကဆံ ဘတ်စကက်ဘော အားကစားရုံ၌ ကျင်းပပြုလုပ်သည်။

ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၌ Football For School Program အရ ဘောလုံးသင်တန်း ဖွင့်လှစ်သင်ကြားပေးလျက်ရှိ

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) Football For School Program အရ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ မြို့နယ်အားကစားကွင်း၌ ဘောလုံးသင်တန်းဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။
Subscribe to ရန်ကုန်တိုင်းဒေသကြီး