ရှမ်းပြည်နယ်

ပင်လောင်းမြို့နယ်၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေးမွန်းမံသင်တန်း အမှတ်စဉ် (၁/၂၀၂၅) ဖွင့်ပွဲအခမ်းအနား ပြုလုပ်

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်မုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေးမွန်းမံသင်တန်း အမှတ်စဉ် (၁/၂၀၂၅) ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ဘက်စုံသုံးခန်းမ၌ ပြုလုပ်သည်။

မိုင်းယန်းမြို့၌ ၂၀၂၅ ခုနှစ် ပါဒီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်း ပနိုင်ရေးနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာလုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါဒီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပ ဆောင်‌ရွက်နိုင်ရန်ရေးအတွက် ဆောင်ရွက်လျက်ရှိရာ ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများ ကြေငြာနိုင်ရန်အတွက် မဲဆန္ဒရှင်စာရင်းများ စစ်ဆေးခြင်းနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို နိုဝင်ဘာ ၁၀ နံနက် ၁၀ နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

လားရှိုးမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး စာအုပ်စာစောင်ပြပွဲ၊ အသိပညာပေးနံရံကပ်စာစောင် ဓာတ်ပုံပြပွဲများနှင့် ၁၀၅ နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်လက်ကမ်းစာစောင်များ အခမဲဖြန့်ဝေ

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့တွင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လားရှိုးခရိုင်ရုံးမှ စာဖတ်ရှိန်မြှင့်တင်ရေး စာအုပ်စာစောင်ပြပွဲ၊ အသိပညာပေးနံရံကပ်စာစောင် ဓာတ်ပုံပြပွဲများနှင့် ၁၀၅ နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်လက်ကမ်းစာစောင်များ အခမဲဖြန့်ဝေခြင်းကို ယမန်နေ့နံနက် ၁၁ နာရီက လားရှိုးခရိုင် လူထုအခြေပြုဗဟိုဌာန Community Centre ၌ ကျင်းပသည်။

မိုင်းယန်းမြို့နယ်တွင် ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများ ကြေငြာခြင်းမပြုမီ စိစစ်ရေးအဖွဲ့ဖြင့် မဲဆန္ဒရှင်စာရင်းများ စစ်ဆေးခြင်းများ ဆောင်‌‌ရွက်ရန် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါဒီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပ ဆောင်‌‌ရွက်နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိရာ နိုဝင်ဘာ ၁၀ ရက် နံနက် ၉ နာရီက ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများ ကြေငြာခြင်းမပြုမီ စိစစ်ရေးအဖွဲ့ဖြင့် မဲဆန္ဒရှင်စာရင်းများ စစ်ဆေးခြင်းများ ဆောင်‌‌ရွက်ရန် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဖယ်ခုံမြို့၌ ဒုတိယအကြိမ် မဲစာရင်းကပ်ထားကြေညာနိုင်ရေးအတွက် မဲစာရင်းစစ်ဆေးမှုလုပ်ငန်းများ ဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဖယ်ခုံမြို့တွင် ဒုတိယအကြိမ် မဲစာရင်းကပ်ထားကြေညာနိုင်ရေးအတွက် မဲဆန္ဒရှင်စာရင်းကပ်ထား‌ကြေညာခြင်းမပြုမီ မဲစာရင်းစစ်ဆေးမှုလုပ်ငန်းများးကို ယမန်နေ့ နံနက် ၁၀နာရီအချိန်က ဖယ်ခုံမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

တာချီလိတ်မြို့၌ ဟိုတယ်ဆိုင်ရာလျှပ်စစ်ကျွမ်းကျင်သင်တန်းဖွင့်လှစ်

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ ကြီးကြပ်မှု ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန် ပံ့ပိုးမှု၊ မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်းများအသင်း (ရွှေတြိဂံဇုန်)၏ ပူးပေါင်းစီစဉ်မှုဖြင့် ဖွင့်လှစ်သည့် ဟိုတယ်ဆိုင်ရာလျှပ်စစ်ကျွမ်းကျင် (Mechanical and Electrical)သင်တန်းဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီက ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ ဝမ်ကောင်းရပ်ကွက်ရှိ ဟိုတယ် တာချီလိတ်ခန်းမတွင် ကျင်းပသည်။

ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများကို နိုဝင်ဘာ ၁၅ရက်မှ ၂၈ရက်အထိ ကြေညာသွားမည်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင် မိုင်းဖြတ်မြို့နယ်တွင် မကြာမီကျင်းပတော့မည့် ၂၀၂၅ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲဆန္ဒရှင်စာရင်း ပြည့်စုံမှန်ကန်‌‌ရေးလုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို နိုဝင်ဘာ ၁၀ရက် နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။    

ညောင်ရွှေ၌  မဲစာရင်းများပြည့်စုံမှန်ကန်ရေး ပြန်လည်စစ်ဆေး ဆောင်ရွက်

ရှမ်းပြည်နယ် ညောင်ရွှေမြို့နယ်အတွင်း မဲပေးပိုင်ခွင့်ရှိပြည်သူများမဲပေးနိုင်ရေး၊ မဲစာရင်း ပြည့်စုံမှန်ကန်စေရေးအတွက် ပြန်လည်စိစစ်စစ်ဆေးဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပင်လုံမြို့၌ မိုးစံပါးအထွက်နှုန်းသိရှိစေရေး တိုက်ရိုက်မျိုးစေ့ချ (DRUM SEEDER) မိုးစပါးစံကွက် ရိတ်သိမ်း

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်ပင်လုံမြို့၌ မိုးစံပါးအထွက်နှုန်းသိရှိစေရေး တိုက်ရိုက်မျိုးစေ့ချ (DRUM SEEDER) မိုးစပါးစံကွက်ရိတ်သိမ်းပွဲကို ယနေ့နံနက်(၉:၀၀)နာရီက ပင်လုံအရှေ့ကျေးရွာအုပ်စုကွင်းအမှတ် (၃၇)၊ ဦးပိုင်အမှတ်(၁)​တောင်သူ ဦးစိုင်းလုံ၏ လယ်မြေတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မိုင်းကိုင်မြို့နယ်တွင် မဲစာရင်းများ ပြည့်စုံမှန်ကန်မှုရှိစေရေး စိစစ်ခြင်းဆောင်ရွက်

ရှမ်းပြည်နယ်‌တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်တွင် မဲစာရင်းများ ပြည့်စုံမှန်ကန်စေရေး၊ မဲစာရင်းများဖောင်းပွမှုမရှိစေရေး မဲစာရင်းစိစစ်ခြင်းလုပ်ငန်းကို  ယနေ့နံနက်(၁၀)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ စုပေါင်းဆောင်ရွက်ခဲ့ကြသည်။
Subscribe to ရှမ်းပြည်နယ်