ရှမ်းပြည်နယ်

မိုးနဲမြို့နယ်၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အဆင့်မြင့်အပ်ချုပ်စက်သင်တန်းဖွင့်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၅-၂၀၂၆ခုဘဏ္ဍာနှစ်အတွက် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အဆင့်မြင့်အပ်ချုပ်စက်သင်တန်းဖွင့်ပွဲ အခမ်းအနားကို နိုဝင်ဘာ ၁၉ ရက် နံနက်ပိုင်းက အဆိုပါရုံးအစည်းအဝေးခန်းမတွင်ကျင်းပပြုလုပ်ခဲ့ရာ နမ့်စန်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှူး ဦးကျော်မြင့်လွင်ဦးက မိတ်ဆက်စကားပြောကြားခဲ့သည်။

မိုးနဲမြို့နယ်၌ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက် (၂) နှစ်အောက် ကလေးငယ်များအား ထောက်ပံ့ငွေများ ထုတ်ပေး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၌ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက် (၂) နှစ်အောက် ကလေးငယ်များအား ထောက်ပံ့ငွေထုတ်ပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက စတင်ကာ မြန်မာ့စီးပွားရေးဘဏ်၌ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ပင်လုံမြို့ အ.ထ.က(၁)၌ ''အနာဂတ်လူငယ်နှင့် ဆိုရှယ်မီဒီယာ၏ကောင်းကျိုး/ဆိုးကျိုးများ" လူငယ်စကားဝိုင်း ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင် ပင်လုံမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့လူငယ်၊ နောင်ဝယ်လူကြီးဆိုသည့် စကားအတိုင်း နိုင်ငံ၏အနာဂတ်တာဝန်များကို ပခုံးပြောင်းထမ်းဆောင်ကြမည့် ကျောင်းသား/ကျောင်းသူ လူငယ်လူရွယ်လေးများအနေဖြင့် အသိဥာဏ်ပညာဗဟုသုတများပြည့်စုံကြွယ်ဝပြီး ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂစသည့် ဗလငါးတန်ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်၊ လူငယ်များအတတ်ပညာနှင့် ကျင့်ဝတ်တန်ဖိုးမြှင့်တင်ပေးရန်၊ စကားပြောအတတ်ပညာများကျွမ်းကျင်တတ်မြောက်စေရန်၊ ပရိတ်သတ်အများရှေ့တွင် ရဲဝံ့စွာပြောဆိုဆွေးနွေးတတ်စေရန်၊ စာဖတ်ခြင်းအလေ့အထကောင်းများရရှိစေရန်နှင့် စာပေများဖတ်ရှု့၍ အသိပညာဗဟုသုတများကိုပြန်လည်မျှဝေတတ်စေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ''အနာဂတ်လူငယ်နှင့်ဆိုရှယ်မီဒီယာ၏ကောင်းကျိုး/ဆိုးကျိုးများ" လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် (၉)နာရီအချိန်က အဆိုပါကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

လားရှိုးမြို့ အ.ထ.က (၆) ကျောင်း၌ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဆုချီးမြှင့်ပွဲ ကျင်းပ

ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လားရှိုးခရိုင်ရုံးနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ စာကြည်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဆုချီးမြင့်ပွဲအခမ်းအနားကို နိုဝင်ဘာလ (၁၈) ရက်နေ့ ညနေ ၃ နာရီက အမှတ် (၆) အခြေခံပညာအထက်တန်းကျောင်းရှိ က‌မ္ဘောဇခန်းမ၌ ကျင်းပသည်။

ကျောက်တလုံးကြီးမြို့၌ မဲဆန္ဒရှင်စာရင်းများကို ဒုတိယအကြိမ် ကပ်ထားကြေငြာ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့၌ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်တွင် စတင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင်မဲ‌ပေးနိုင်ရန်အတွက် မဲဆန္ဒရှင်စာရင်းများ ဒုတိယအကြိမ် ကပ်ထားကြေငြာခြင်းကို ယနေ့နံနက်ပိုင်းမှစ၍ ရပ်ကွက်‌ကျေးရွာ‌ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများရှိ ကြော်ငြာဘုတ်များတွင် ကြေငြာကြောင်း သိရသည်။

လားရှိုးမြို့တွင် စာဆိုတော်နေ့အထိမ်းအမှတ် စာဖတ်ရှိန်မြှင့်တင်ရေး စာအုပ်စာ‌စောင်များ ပေးအပ်လှူဒါန်းပွဲ ကျင်းပ

ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့တွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (ရှမ်းမြောက်) မှ စာဆိုတော်နေ့အထိမ်းအမှတ် စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းပွဲကို နိုဝင်ဘာလ ၂၀ ရက်နေ့ နံနက် ၉ နာရီခွဲက ခရိုင်လူထုအခြေပြုဗဟိုဌာန (Community Centre) ရှိ ဘက်စုံသုံးခန်းမ၌ ကျင်းပသည်။

လားရှိုး-မယ်ဟော့ (မိုင်းရယ်-ကျေးသီး) လမ်းမိုင်တိုင်အမှတ်(၅၉/၀-၆၀/၀)အတွင်း ကတ္တရာလမ်းပြုပြင်ခြင်း လုပ်ငန်းဆောင်ရွက် 

ရှမ်းပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင်နှင့်တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းတို့သည် ရှမ်းပြည်နယ်(မြောက်ပိုင်း)လမ်းဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ (လားရှိုး-မယ်ဟော့) မိုင်းရယ်-ကျေးသီးလမ်းမိုင်တိုင်အမှတ် (၅၉/၀-၆၀/၀)အတွင်းကတ္တရာလမ်းပြုပြင်ရန် အခြေခံလွှာခင်းခြင်းလုပ်ငန်းဆောင်ရွက်သည့်အပိုင်းအား ရေစီးရေလာကောင်းမွန်းစေရန်  လမ်းဘေးရေမြောင်းတူးခြင်း လုပ်ငန်း ဆောင်ရွက်နေမှုကို နိုဝင်ဘာ  ၁၉ ရက် နံနက် ၁၀ နာရီခွဲက ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

ရှမ်းပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ အိမ်တွင်းစက်မှုလက်မှုလုပ်ငန်း ကော်မတီအစည်းအဝေးအမှတ်စဉ် (၄/၂၀၂၅) ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရှမ်းပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းကော်မတီအစည်းအဝေးအမှတ်စဉ် (၄/၂၀၂၅-၂၀၂၆) ကို နိုဝင်ဘာ ၂၀ ရက် မွန်းလွဲ ၃ နာရီက ပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင်သည် လားရှိုးတက္ကသိုလ်၊ လားရှိုးပညာရေးဒီဂရီကောလိပ်နှင့် မြို့တော်ခန်းမပြုပြင်နေမှုအားသွားရောက်ကြည့်ရှုစစ်ဆေး

ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင်သည် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ အဆင့်မြင့်ပညာရေးဦးစီးဌာန၊ လားရှိုးတက္ကသိုလ်နှင့် လားရှိုးပညာရေးဒီဂရီကောလိပ်ကျောင်းများအတွင်း ကျောင်းများ၏ အဆောက်အဦပြုပြင်နေမှုကို နိုဝင်ဘာ ၁၉ ရက် နံနက် ၁၀ နာရီ က သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။

ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင် တာချီလိတ်မြို့ ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် တက်ရောက်

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်သည် နိုဝင်ဘာ ၂၀ ရက်က ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့ အထက(ဟောင်လိတ်)၌ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို တက်ရောက်သည်။
Subscribe to ရှမ်းပြည်နယ်