ရခိုင်ပြည်နယ်

သံတွဲမြို့နယ်၌ (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဆောင်းပါး၊ စာစီစာကုံးပြိုင်ပွဲကျင်းပ

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်တွင် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဆောင်းပါး၊ စာစီစာကုံးပြိုင်ပွဲကို သံတွဲခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် ဆောင်းပါး၊ စာစီစာကုံးပြိုင်ပွဲကို သံတွဲခရိုင်၊ လူထုအခြေပြုဗဟိုဌာန(Community Centre)၌ ယနေ့နံနက် ၉နာရီက ကျင်းပခဲ့သည်။

ကျိန္တလီမြို့၌ တပိုင်တနိုင်ပြောင်းဖူးပင်များ စိုက်ပျိုး၍ တောင်သူလယ်သမားများ မိသားစုအပိုဝင်ငွေရရှိ

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့တွင် ဒေသခံတောင်သူများက မြေအောက်ရေကို အကျိုးရှိစွာ အသုံးချပြီး ပြောင်းဖူးပင်များ တစ်ပိုင်တစ်နိုင် စိုက်ပျိုးရာတွင် အောင်မြင်ဖြစ်ထွန်းကာ မိသားစုစားဝတ်နေရေးအတွက် အပိုဝင်ငွေရရှိကြောင်း ဒေသခံတောင်သူများထံမှ သိရှိရသည်။

သံတွဲခရိုင် တည်ဆောက်ရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ ဒါးသွေးကျောက်လျှိုပိတ်ဆည်တည်ဆောက်ရေးလုပ်ငန်းများအား ကြည်ရှုစစ်ဆေး

သံတွဲခရိုင်တည်ဆောက်ရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးချစ်နှင့် တာဝန်ရှိသူများသည် ယမန်နေ့ ညနေ ၄ နာရီက သံတွဲမြို့နယ်၊ ဒါးသွေးကျောက်လျှိုပိတ်ဆည်တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေ များအား သွားရောက်ကြည်ရှုစစ်ဆေးခဲ့ကြသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း စစ်တွေမြို့၊ လောကာနန္ဒာစေတီတော်မြတ်ကြီးအတွင်း သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုအား လှည့်လည်ကြည့်ရှု

ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန် ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ လောကာနန္ဒာစေတီတော်မြတ်ကြီးအတွင်း သန့်ရှင်း သာယာလှပရေးအတွက် စုပေါင်းသန့်ရှင်းရေးဆောင်ရွက် နေမှုအားလှည့်လည်ကြည့်ရှုအားပေးကြသည်။

အမ်းမြို့၌ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်း လုပ်ငန်းအတွက် အဆောက်အအုံစာရင်း တင်ခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ရခိုင်ပြည်နယ်၊ အမ်းမြို့၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းအတွက် အဆောက်အအုံစာရင်း တင်ခြင်းလုပ်ငန်းကို ခရိုင်/မြို့နယ် လူဝင် မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင် အားဝန်ကြီးဌာနမှ ဝန်ထမ်းများ၊ ယနေ့ နံနက်ပိုင်းက ဈေးရပ်ကွက်သို့သွားရောက်၍ ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။  

ဂွမြို့နယ်တွင်  (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေ

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ ဝန်ထမ်းများက ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂)ရက်နေ့တွင် ကျရောက်မည့် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့၊ နေ့လယ်ပိုင်းက  ကျောင်းသား၊ ကျောင်းသူများ လက်ဝယ်အရောက် အခမဲ့ ဖြန့်ဝေပေးခဲ့သည်။

ကျိန္တလီမြို့တွင် (၂)နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေး

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့တွင် (၂)နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့ နံနက် ၉ နာရီမှ ညနေ ၃ နာရီအချိန်ထိ ပြည်သူ့ဆေးရုံတွင် စတင်ထိုးနှံပေးလျက်ရှိသည်။

ကျောက်ဖြူမြို့၌ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေ

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂)ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အသိပညာပေး သတင်းစကားလက်ကမ်း စာစောင်များကို ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးဝန်ထမ်းများက အခြေခံပညာကျောင်းများသို့သွားရောက်၍ အခမဲ့ဖြန့်ဝေပေးခဲ့သည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ ညစာစားပွဲတွင် ဖျော်ဖြေတင်ဆက်မည့် တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအကအဖွဲ့နှင့် MSME ထုတ်ကုန်အရောင်းပြခန်း၊ ရိုးရာအစားအစာ အရောင်းပြခန်းများ ဆောင်ရွက်ရန်သွားရောက်ကြမည့် လုပ်ငန်းကော်မတီဝင်များအား တွေ့ဆုံ

နေပြည်တော်၌ ကျင်းပမည့် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ ဂုဏ်ပြုညစာစားပွဲတွင် ဖျော်ဖြေတင်ဆက်မည့် ရခိုင်ပြည်နယ် တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအကအဖွဲ့နှင့် MSME ထုတ်ကုန်အရောင်း ပြခန်း၊ ရိုးရာအစားအစာအရောင်းပြခန်းများ ဆောင်ရွက်ရန်သွားရောက်ကြမည့် လုပ်ငန်းကော်မတီဝင်များနှင့် တွေ့ဆုံပွဲကို ယနေ့ မွန်းလွဲ ၃ နာရီက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရန်ကုန်မျက်စိအထူးကုဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများ သံတွဲခရိုင်အတွင်းရှိ မျက်စိဝေဒနာရှင်များအား ကွင်းဆင်းဆေးကုသမှုများ ဆောင်ရွက်

ကျန်းမာရေးဝန်ကြီးဌာနသည် တစ်မျိုးသားလုံး သက်ရှည်ကျန်းမာကြံ့ခိုင်ရေးအတွက် ပြည်သူအားလုံး အကျုံးဝင်မည့် ကျန်းမာရေးစောင့်ရှောက်မှုကို မြှင့်တင်ဆောင်ရွက်ပေးလျက် ရှိရာ ပြည်သူများလိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများကို လက်လှမ်းမီ ရရှိခြင်းဖြင့် ရောဂါကင်းဝေးသက်တမ်းစေ့နေနိုင်စေရေးအတွက် ရန်ကုန်မျက်စိအထူးကုဆေးရုံကြီးမှ မျက်စိအထူးကုဆရာဝန်ကြီး ကထိကဒေါက်တာမိုးစံ ဦးဆောင်သည့် အဖွဲ့သည် သံတွဲခရိုင် ပြည်သူ့ဆေးရုံ၌ ယနေ့ နံနက် ၁၁ နာရီမှ စတင်၍ သံတွဲခရိုင်အတွင်းရှိ မျက်စိ ဝေဒနာရှင်များအား ကွင်းဆင်းဆေးကုသမှုများ ဆောင်ရွက်ပေးလျက်ရှိသည်။
Subscribe to ရခိုင်ပြည်နယ်