ဘူးသီးတောင်မြို့၌ မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းအသီးသီးမှ သံဃာတော်(၁၀၀)ပါးအား သိမ်ဆင်းဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပ
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့၌ ပုရိမဝါမှထမြောက်တော်မူလာကြသော ဘူးသီးတောင်မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းအသီးသီးမှ သံဃာတော်(၁၀၀)ပါးအား သိမ်ဆင်းဆွမ်းဆန်စိမ်းလောင်းလှူခြင်းကို ယမန်နေ့ညနေ (၂)နာရီခွဲအချိန်က မြို့နယ်သံဃာ့နာယကဥက္ကဋ္ဌ သာသနာ့အလင်းရောင် ကျောင်းတိုက်၌ကျင်းပသည်။