မွန်ပြည်နယ်ဝန်ကြီးချုပ် မော်လမြိုင်မြို့တွင်း စိမ်းလန်းစိုပြေရေး စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှု၊ လမ်းတိုးချဲ့ဖောက်လုပ်နေမှုနှင့် ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ (မော်လမြိုင်)စာစစ်ဌာနခွဲ၌ စာမေးပွဲဖြေဆိုနေမှုများအား ကြည့်ရှုအားပေး
မွန်ပြည်နယ်အတွင်း အခြေခံပညာစာသင်ကျောင်းများတွင် သန့်ရှင်း၍ စိမ်းလန်းစိုပြေပြီး ကျောင်းသူ၊ ကျောင်းသားများ စိတ်အေးချမ်းမြေ့စွာ ပညာသင်ကြားနိုင်ရေး အလေးထားဆောင်ရွက်လျက်ရှိရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ယမန်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့၊ အခြေခံပညာအထက်တန်းကျောင်း(ရွှေနတ်တောင်)ကျောင်းဝင်းအတွင်း၊ ဘေးပတ်ဝန်းကျင်ရှိ သစ်ပင်ကြီးများ ချုံနွယ်ပိတ်ပေါင်းများအား စက်ယန္တယားကြီးများဖြင့်လည်းကောင်း၊ အမှိုက်များနှင့် မြက်များအား ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ တပ်မတော်သားများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်နေပြည်သူများက စာသင်ကျောင်း စိမ်းလန်းစိုပြေရေးနှင့် သန့်ရှင်းသာယာလှပရေးအတွက် ကျောင်းအကျိုးပြု စုပေါင်းသန့်ရှင်းရေး ဝိုင်းဝန်းဆောင်ရွက်နေမှုအပေါ် ကြည့်ရှုအားပေးခဲ့သည်။