မွန်ပြည်နယ်

ကျိုက်မရောမြို့နယ်၌ ဒေသခံပြည်သူများအတွက် သောက်သုံးရေများလှူဒါန်းပေး

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၌ နွေရာသီသောက်သုံးရေများ စတင်ရှားပါးလာပြီဖြစ်၍ ဒေသခံပြည်သူများ သောက်သုံးရေပြတ်လပ်မှုမရှိစေရေးအတွက် ကျိုက်မရောမြို့နယ် မီးသတ်ဦးစီးဌာနမှ   IS-8130 မီးသတ်ရေသယ်ယာဥ်ဖြင့် ရေရှားပါးသော ရပ်ကွက်များဖြစ်သည့် အထရံရပ်ကွက်ရှိ ရေလှောင်ကန်နှင့် နေအိမ်များသို့ သောက်ရေဂါလံ(၁၆၀၀)အား ယနေ့နံနက်ပိုင်းက အခမဲ့သွားရောက်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

မုဒုံမြို့ ဝင်းစိန်တောရကျောင်းရှိ “စက္ကရတန” နဂါးရုံဘုရားကြီး ဗုဒ္ဓါဘိသေက အနေကဇာတင်ပူဇော်ပွဲ မင်္ဂလာအခမ်းအနားကျင်းပ

မွန်ပြည်နယ်၊ မုဒုံမြို့၊ မြိုင်ကုန်းကျေးရွာရှိ ကျေးဇူးတော်ရှင် ဝင်းစိန်တောရကျောင်းဆရာတော် အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တကေသရအားဦးထိပ်ပန်ဆင်၍ “စက္ကရတန ” နဂါးရုံဘုရားကြီး ဗုဒ္ဒါဘိသေက အနေကဇာတင်ပူဇော်ခြင်းနှင့် ရေစက်ချ မင်္ဂလာအခမ်းအနားကို ယမန်နေ့က ကျောင်းဝင်းအတွင်း၌ ကျင်းပသည်။

ချောင်းဆုံမြို့နယ်ရှိ ကျေးရွာနေပြည်သူများအတွက် သောက်သုံးရေများ သွားရောက်လှူဒါန်း

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၌ ပူပြင်းခြောက်သွေ့ပြီး နွေရာသီတွင် ကျေးရွာ/ရပ်ကွက်များရှိပြည်သူများ သောက်သုံးရေပြတ်လပ်မှုမရှိစေရေးရည်ရွယ်ပြီး ချောင်းဆုံမြို့နယ် မီးသတ်ဦးစီးဌာနမှ  မြို့နယ်အတွင်းရှိပင်လယ်ကမ်းစပ်နှင့်နီးသည့် ကျေးရွာများနှင့် နွေရာသီတွင်ရေရှားပါးသည့်ကွင်းရွာများရှိ  ရေလှောင်ကန်နှင့်နေအိမ်များသို့သောက်သုံးရေများ အခမဲ့ဖြန့်ဝေခြင်းကို  မတ် ၃၁ ရက်က ချောင်းဆုံမြို့နယ်  ဒေါင်းရပ်အနောက်ကျေးရွာသို့ သွားရောက်ဖြန့်ဝေပေးခဲ့သည်။

မုဒုံမြို့တွင် ဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲဆက်လက်ဖြေဆို

မွန်ပြည်နယ် မုဒုံမြို့နယ်တွင် ဓမ္မာစရိယနှင့် ပါဠိပထမပြန် စာမေးပွဲကို ယနေ့ မွန်းတည့် ၁၂ နာရီက မြို့မ(၂)ရပ်ကွက်ရှိ သာသနာ့ဗိမာန်တော်၌ ဆက်လက်ဖြေဆိုလျက်ရှိသည်။

မုဒုံမြို့နယ်တွင် ဒူးရင်းသီးများ စတင်ထွက်ရှိပြီး စျေးကောင်းရရှိကာ စိုက်ပျိုးသူများအဆင်ပြေ

မွန်ပြည်နယ်သည် လယ်ယာသီးနှံ၊ ဥယျာဥ်ခြံသီးနှံများနှင့် ရော်ဘာစိုက်ပျိုးထုတ်လုပ်မှု အကောင်းဆုံးပြည်နယ်ဖြစ်ရာ ကာလရှည်သီးနှံတစ်မျိုးဖြစ်သည့် ရာသီပေါ် ဒူးရင်းသီးများ စတင်ထွက်ရှိချိန် လူကြိုက်များသည့် သီးနှံတစ်မျိုးဖြစ်သောကြောင့် စျေးကောင်းရရှိ၍ စိုက်ပျိုးသူများ အဆင်ပြေလျက်ရှိသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း လတ်တလော နယ်မြေဒေသ အခြေအနေများကြောင့် ယာယီနေရပ်စွန့်ခွာ လာရောက်နေထိုင်သူများအား စားသောက်ကုန်ပစ္စည်းများနှင့် ထောက်ပံ့ငွေများ ပေးအပ်

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်ရှိ ဘုန်းတော်ကြီးကျောင်းများတွင်   အခြားဒေသမှ လတ်တလော နယ်မြေဒေသ အခြေအနေများကြောင့် ယာယီနေရပ်စွန့်ခွာ လာရောက်နေထိုင်သူများ စား၊ ဝတ်၊ နေရေး အဆင်ပြေစေရန်အတွက် မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အလှူရှင်များမှ  လူသုံးကုန်ပစ္စည်းများနှင့် ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းက မုဒွန်းကျေးရွာ ပိဋကတ်တိုက် ဘုန်းတော်ကြီးကျောင်း၊ တောင်စွန်းကျေးရွာ သဒ္ဓမ္ဓဓဇ  ဘုန်းတော်ကြီးကျောင်းနှင့် ရွာလွတ်ကျေးရွာ မဟာဝိဟာရ ဘုန်းတော်ကြီးကျောင်းတို့တွင် ဆောင်ရွက်ခဲ့ကြသည်။

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မော်လမြိုင်မြို့၊ တောင်ရိုးတန်းလမ်းပေါ်ရှိ ဦးဇိနဘုရား အနီးပတ်ဝန်းကျင်၌ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုကြည့်ရှုအားပေး

မော်လမြိုင်မြို့ရှိ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများသည် ယနေ့နံနက်ပိုင်းက တောင်ရိုးတန်းလမ်း၊ ဦးဇိနဘုရား အနီးပတ်ဝန်းကျင်၌ စုပေါင်း သန့်ရှင်းရေးဆောင်ရွက်လျက်ရှိရာ မွန်ပြည်နယ်၀န်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက လာရောက်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင် ဦးဝင်းတည်နှင့် မွန်ပြည်နယ် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ (CPU)များ တွေ့ဆုံခြင်းအခမ်းအနား ကျင်းပ

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှ အဖွဲ့ဝင်နှင့် မွန်ပြည်နယ် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ (CPU)များ တွေ့ဆုံခြင်းအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ရာ ရှေးဦးစွာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင် ဦးဝင်းတည်က အဂတိလိုက်စားမှု တိုက်ဖျက်ရေးမကော်မရှင်မှ ချမှတ်ထားသည့် မဟာဗျူဟာရည်မှန်းချက်များ၏ အဓိကလုပ်ငန်းစဉ်(၃)ရပ်မှာ အသိပညာပေးခြင်းနှင့် တားဆီးကာကွယ်ခြင်း၊ စုံစမ်းစစ်ဆေးဖော်ထုတ် အရေးယူခြင်း၊ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ခြင်းဖြစ်ကြောင်း၊ ကြိုတင်ကာကွယ်သည့်အနေဖြင့် အသိပညာပေးခြင်း၊ ဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်း၊ ကျင့်ဝတ်များကို လိုအပ်သလို ပြင်ဆင်သတ်မှတ်ခြင်းဖြင့် အဂတိလိုက်စားမှုဖြစ်နိုင်ခြေကို လျှော့ချနိုင်ကြောင်း ၊ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများနှင့် ဝန်ကြီးဌာနများတွင် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ Corruption Prevention Unit (CPU)များကို ၂၀၁၉ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့သည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးခြင်းအခမ်းအနား တက်ရောက်

အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးခြင်း အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင် ဦးဝင်းတည်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်သည်။

သထုံမြို့၌ အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန် စာမေးပွဲ ဆက်လက်ကျင်းပ

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် သာသနာရေးဦးစီးဌာနမှ ကျင်းပပြုလုပ်သည့် အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲ ဓမ္မာစရိယတန်းဖြေဆိုခြင်းကို ဒုတိယနေ့အဖြစ် ‌မြသပိတ်တောင်ခြေ၊ သဒ္ဓမ္မဇောတိကာရာမကျောင်းတိုက်၊ သထုံစာဖြေဌာန၌ ယနေ့ နေ့လယ်က ဆက်လက်ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရသည်။
Subscribe to မွန်ပြည်နယ်