မွန်ပြည်နယ်

သံဖြူဇရပ်မြို့နယ် မူလွန်(​အောင်သာယာ)ကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအဖြစ် ဟောပြောပွဲနှင့် ပြပွဲများပြုလုပ်

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူး‌ပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြှင့်တင်​ရေးအဖြစ် ဗလငါးတန်ဖွံ့ဖြိုး​စေရေး အသိပညာ​ပေး​ဟော​ပြောခြင်း၊ နံရံကပ်စာ​စောင်နှင့် စာအုပ်ပြပွဲကို ယမန်နေ့နံနက်ပိုင်းက  မူလွန်(​အောင်သာယာ)ကျောင်း၌  ဆောင်ရွက်ခဲ့သည်။

အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး(၁၆)ရက်တာလှုပ်ရှားမှုအထိမ်းအမှတ် အခမ်းအနား ကျင်းပ

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် မေသရဖူလှုမှုပရဟိတအသင်းမှ ကျင်းပပြုလုပ်သော အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေး(၁၆)ရက်တာလှုပ်ရှားမှုအထိမ်းအမှတ် အခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက ကျိုက်မရောမြို့ရသေ့ကျောင်းတိုက်၌ ကျင်းပသည်။

အ ထ.က ကျိုက်မရောကျောင်း၌ ကျောင်းသား ကျောင်းသူများအား အာဟာရ ကျွေးမွေး

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများ၏ အာဟာရဖွံ့​ဖြိုးရေးအတွက် အာဟာရကျွေးမွေးခြင်းကို ယမန်နေ့ နံနက် ၁၁ နာရီက အ.ထ.က(ကျိုက်မရော)(ပညာအားမာန်)ခန်းမ၌ ပြုလုပ်သည်။

ကျောင်းသားကျောင်းသူများ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသားကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း ဉာဏ်ဝေယံခန်းမ၌ ကျင်းပပြုလုပ်သည်။

မုဒုံမြို့၌ ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားစေရန် လူငယ်စကားဝိုင်းကျင်းပ

မွန်ပြည်နယ် မုဒုံမြို့နယ်တွင် စာဖတ်ရှိန်မြင့်မားစေရန်အတွက်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်းကို ယနေ့နံနက် (၁၀)နာရီက အ.ထ.က (ကွေ့ဝမ်း)ကျောင်း၌ ကျင်းပသည်။

သံဖြူဇရပ်မြို့နယ်၊ ပငကျေးရွာရှိ ပငစျေး မီး​ဘေးကြိုတင်ကာကွယ်​ရေး စစ်​ဆေးခြင်းများ ဆောင်ရွက်

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် မီး​ဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်​ရေးအတွက် ဒီဇင်ဘာ ၉ ရက် မွန်းလွဲပိုင်းက ပငကျေးရွာရှိ ပင​စျေးအား သွား​ရောက်စစ်​ဆေးခဲ့ကြသည်။

သထုံမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ဒီဇင်ဘာ ၉ ရက် မွန်းလွဲပိုင်းက အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း လှမဉ္ဇူခန်းမ၌ ကျင်းပပြုလုပ်သည်။

မော်လမြိုင်မြို့ ပညာဖူးပွင့်ကိုယ်ပိုင်အထက်တန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်‌ရေး လူငယ်စကားဝိုင်းပြုလုပ်

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအဖြစ် လူငယ်/လူရွယ်များဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်စကားဝိုင်းကို ယ​မန်နေ့နံနက်ပိုင်းက မော်လမြိုင်မြို့ပညာဖူးပွင့်ကိုယ်ပိုင်အထက်တန်းကျောင်း ဖူးပွင့်ရတနာခန်းမ၌ ကျင်းပခဲ့သည်။

(၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို အားကစားပြိုင်ပွဲ ကျင်းပ

ကျိုက်မရောမြို့နယ်ပညာရေးဌာနမှ ပူးပေါင်းကျင်းပသော (၇၇)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို မြို့နယ်အဆင့်အားကစားပြိုင်ပွဲကို ယမန်နေ့ နံနက် ၈ နာရီက ကျိုက်မရောမြို့မအားကစားပြိုင်ကွင်း၌ ကျင်းပခဲ့သည်။

မွန်ပြည်နယ် ရေးမြို့နယ်တွင် လူနေအိမ်တစ်လုံး မီးလောင်ကျွမ်းမှုဖြစ်ပွား

မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်း ရန်ကြီးအောင်ရပ်ကွက် ဘုရင့်နောင်လမ်းရှိ (ဘ)ဦးတင်လှ၏သမီး ဒေါ်သန်းသန်းမူ မွန်ဗမာ/ဗုဒ္ဓ အသက် (၇၅) နှစ်၊ နေအိမ်မှ ဒီဇင်ဘာလ ၈ ရက်နေ့ ညနေ(၃း၃၀) နာရီအချိန်ခန့်က မီးလောင်ကျွမ်းမှု စတင်ဖြစ်ပွားခဲ့သည်။
Subscribe to မွန်ပြည်နယ်