မွန်ပြည်နယ်

မော်လမြိုင်မြို့နယ်၌ ဒီဂျစ်တယ်အသိပညာခံယူချက်နှင့် အလေ့အကျင့်ဆိုင်ရာသင်တန်းဖွင့်လှစ်

မွန်ပြည်အတွင်းရှိ အသေးစားကုန်ထုတ် လုပ်ငန်းရှင်များသည် ဒီဂျစ်နည်းပညာများ အသုံးချ၍ Digital Marketing ဆောင်ရွက်ရာတွင် အောင်မြင်မှုများရရှိစေရန် ရည်ရွယ်၍ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မွန်ပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီး ဌာန၊ ဒီဂျစ်တယ်အသိပညာ၊ ခံယူချက်နှင့် အလေ့အကျင့်ဆိုင်ရာသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မွန်ပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနရုံးခန်းမတွင် ကျင်းပပြုလုပ်သည်။ အခမ်းအနားတွင် မွန်ပြည်နယ်အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်အိကလျာနိုင်က MSMEs လုပ်ငန်းများကို ဒီဂျစ်တယ် နည်းပညာဖြင့် ဈေးကွက်ပိုမိုအောင်မြင်မှု ရရှိစေရန်ဖြစ်ပါကြောင်း၊ ဒီဂျစ်တယ်နည်းပညာကို အသုံးပြု၍ အွန်လိုင်းမှတဆင့် လုပ်ငန်းမှတ်ပုံတင်များ ဆောင်ရွက်ပေးနိုင်ရေးအတွက် E-Commerce Website ကို ဆောင်ရွက်နေပြီဖြစ်ပါကြောင်း ၊ Online Registration အသုံးပြုနိုင်မည်ဆိုပါက ပိုမိုလွယ်ကူ အဆင်ပြေမည်ဖြစ်ပါကြောင်းနှင့် ကုန်ပစ္စည်းများ ထုတ်လုပ်ရောင်းချသူများအနေဖြင့် Online စနစ်ဖြင့်ရောင်းချရတွင် မှတ်ပုံတင်နိုင်ရေး အတွက် စားသုံးသူရေးရာဦးစီးဌာနတွင် ရှင်းလင်းဆွေးနွေးတင်ပြသွားမည်ဖြစ်ပါကြောင်းနှင့် လုပ်ငန်းရှင်များအနေဖြင့် Digital Economy ရရှိအောင် ကြိုးစားဆောင်ရွက်ရာမှဖြစ်ပါကြောင်း ဆွေးနွေးပြောကြားခဲ့သည်။

မွန်ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး မော်လမြိုင်မြို့နယ်ရှိ သွင်းအားစုအရောင်းဆိုင်များနှင့် တန်(၉ဝ)ကျ ဆန်စက်စက်ရုံသို့ သွားရောက်ကြည့်ရှုစစ်ဆေး

မွန်ပြည်နယ် ယူရီးယားမြေဩဇာဝယ်ယူဖြန့်ဖြူး ရောင်းချရေးလုပ်ငန်းကြီးကြပ်မှုကော်မတီ ဒုတိယဥက္ကဋ္ဌ၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးတင်စန်းနိုင်၊ ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်သမဝါယမဦးစီးဌာန၊ ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာတို့မှ တာဝန်ရှိသူများနှင့်အတူ ဖေဖော်ဝါရီ ၁၉ ရက်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့နယ်ရှိ မွန်ရာဇာ၊ သင်္ဂဟ၊ စံတော်ဦးမြေဩဇာအရောင်းဆိုင်များသို့ သွားရောက်၍ မြေဩဇာရောင်းချမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့သည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ပေါင်မြို့နယ်၊ ကော့ထော်ကျေးရွာ “အလင်းပြ”စာကြည့်တိုက်ဖွင့်ပွဲအခမ်းအနားနှင့် ကျခတ်ငူကျေးရွာငါးခြောက်သိုလှောင် အ‌အေးခန်းသွားရောက်စစ်ဆေး

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ကော့ထော်ကျေးရွာတွင် မြန်မာနိုင်ငံစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှုကော်မတီ၏ မတည်လှူဒါန်းမှုနှင့် ကျေးရွာနေပြည်သူများ စုပေါင်းလှူဒါန်းမှုတို့ဖြင့် တည်ဆောက်ထားသည့် “အလင်းပြ” စာကြည့်တိုက်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အဆိုပါစာကြည့်တိုက်အဆောက်အဦသစ်၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အလှူရှင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့သည်။

၂၀၂၄ -၂၀၂၅. ပညာသင်နှစ် အခြေခံပညာကျောင်းများ၌ နှစ် ဆုံးစာမေးပွဲ စတင်ဖြေဆို

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် နှစ်ဆုံးတတ်မြောက်မှုစစ်ဆေးခြင်း စာမေးပွဲများကို ယမန်နေ့ နံနက်က စတင်ကာ အခြေခံပညာ ထက်၊ လယ်၊ မူ ကျောင်းများ၌ ဖြေဆိုလျက်ရှိကြောင်း သိရသည်။

ပေါင်မြို့နယ်၌ အလှကုန်ပစ္စည်းအမျိုးမျိုးနှင့်စပ်လျဥ်း၍ စျေးကွက်စောင့်ကြည့်စစ်ဆေး

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ အလှကုန်ပစ္စည်းအမျိုးမျိုးနှင့်စပ်လျဥ်း၍ စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က ပေါင်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနနှင့် သက်ဆိုင်ရာတာဝန်ရှိသူအသီးသီးက မြို့ပေါ်ရပ်ကွက် (၄) ခု၌ ဆောင်ရွက်ခဲ့သည်။

ပေါင်မြို့နယ်၌ ကုန်စျေးနှုန်းများတည်ငြိမ်ကျဆင်းစေရေး အခြေခံစားသောက်ကုန်စည်များရောင်းချပေး

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ကုန်စျေးနှုန်းများ တည်ငြိမ်ကျဆင်းစေရေး အခြေခံစားသောက်ကုန်စည်များ ရောင်းချပေးခြင်းကို ယနေ့နံနက်(၉)နာရီက ကဒါရပ်ကွက် မင်္ဂလာဈေးတွင် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

မုဒုံမြို့ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းတွင် ဥပဒေအသိပညာပေးဟောပြောပွဲကျင်းပ

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း (မုဒုံမြို့) တွင် ဥပဒေအသိပညာပေး ဟောပြောပို့ချခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က သင်တန်းကျောင်းခန်းမ၌ ပြုလုပ်သည်။

ပေါင်မြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်ဌာနဆိုင်ရာများလုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်ဌာနဆိုင်ရာများ မြို့နယ်အ‌ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝါရီရူခန်းမ၌လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်(၁၀)နာရီက ပြုလုပ်ခဲ့သည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း သံဃာ့အဖွဲ့အစည်းအဆင့်ဆင့် ပြန်လည်ရွေးချယ်ခြင်း ဆိုင်ရာပြည်နယ်သံဃာ့ဝန်ဆောင်အစည်းအဝေး တက်ရောက်

မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၌ ယမန်နေ့မွန်းလွဲပိုင်းက သံဃာ့အဖွဲ့အစည်းအဆင့်ဆင့် ပြန်လည်ရွေးချယ်ခြင်းဆိုင်ရာပြည်နယ်သံဃာ့ဝန်ဆောင်အစည်းအဝေးကို မော်လမြိုင်မြို့ ပရိယတ္တိဓမ္မာဗိမာန်တော်ကြီး၌ ကျင်းပပြုလုပ်သည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း လုပ်ငန်းခွင်အသုံးချကွန်ပျူတာအခြေခံသင်တန်းများ၊ အုတ်စီနှင့်ပန်းရံသင်တန်း ဖွင့်ပွဲအခမ်းအနားတက်ရောက်

မွန်ပြည်နယ်အစိုးရအဖွဲ့၏ ပံ့ပိုးကူညီမှုဖြင့် မွန်ပြည်နယ်၊ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးကော်မတီမှ ကြီးမှူးကျင်းပသည့် လုပ်ငန်းခွင်အသုံးချကွန်ပျူတာအခြေခံသင်တန်းများ၊ အုတ်စီနှင့်ပန်းရံသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မော်လမြိုင်မြို့ စမ်းကြီးရပ်၊ လူငယ်သင်တန်းကျောင်း၌ ကျင်းပရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်သည်။
Subscribe to မွန်ပြည်နယ်