ချောင်းဆုံမြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာမူလတန်းဆင့်(Grade-5)နှင့် အခြေခံပညာအလယ်တန်းဆင့်(Grade-9)နှစ်ဆုံးစာမေးပွဲ (ပထမ)နေ့ ဖြေဆို
မွန်ပြည်နယ် ချောင်းဆုံမြို့နယ်ရှိ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာမူလတန်းဆင့် (Grade-5)နှင့် အခြေခံပညာအလယ်တန်းဆင့်(Grade-9)ပညာသင်ယူနေသည့် ကျောင်းသား/သူများ၏ နှစ်ဆုံးစာမေးပွဲကြီး(ပထမ)နေ့ကို ယနေ့နံနက်ပိုင်းက မြို့နယ်အတွင်းရှိ စာစစ်ဌာနများတွင် အေးချမ်းစွာဖြေဆိုလျက်ရှိရာ မော်လမြိုင်ခရိုင် အခြေခံပညာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးနှင့်တာဝန်ရှိသူများ၊ မြို့နယ်ပညာရေးမှူးနှင့် အဖွဲ့ဝင်များမှ ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။