ညောင်လေးပင်မြို့နယ်တွင် တိရစ္ဆာန်ရောဂါကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာ လှုပ်ရှားမှုရက်သတ္တပတ် ကျွဲနွားများအားကာကွယ်ဆေးထိုးနှံပေး

ညောင်လေးပင် ဇူလိုင် ၁၇

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ် သရက်ကုန်းကျေးရွာနှင့် လသာကုန်းကျေးရွာ တို့တွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မြို့နယ် ဦးစီးမှူးနှင့်ဝန်ထမ်းများနှင့် တိရစ္ဆာန်ကျန်းမာရေးလုပ်သားများ ပူးပေါင်း၍ တိရစ္ဆာန်ရောဂါကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာ လှုပ်ရှားမှုရက်သတ္တပတ် ဆောင်ရွက်မှုအဖြစ် ကူးစက်ရောဂါဖြစ်ပွားပါက ဆောင်ရွက်ရမည့်လုပ်ငန်းများကို သဏ္ဍာန်တူလေ့ကျင့်မှုများပြုလုပ်ခြင်း၊ အသိပညာပေးပိုစတာစိုက်ထူခြင်း၊ ဟောပြောခြင်း၊ လက်ကမ်းစာစောင်ဖြန့်ဝေခြင်းတို့ ပြုလုပ်ပြီး ကျေးရွာရှိ ကျွဲနွားများကို ကူးစက်ရောဂါကာကွယ်ဆေးထိုးနှံခြင်းများ ဆောင်ရွက်ခဲ့သည်။

တိရစ္ဆာန်ရောဂါကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာ လှုပ်ရှားမှုရက်သတ္တပတ် ကျွဲနွားများအား ကာကွယ်ဆေး ထိုးနှံရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ဘုန်းမောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးနှင့် ကုန်ထုတ်လုပ်မှုကြီးကြပ်မှုကော်မတီမှ ဌာနဆိုင်ရာများက ကွင်းဆင်းကြည့်ရှုခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)