မြောင်းမြမြို့၌ လူမှုဖူလုံရေးအကျိုးခံစားခွင့်များ ထုတ်ပေးခြင်းနှင့် ဟောပြောပွဲကျင်းပ

မြောင်းမြ ဇူလိုင် ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ ​မြောင်းမြ​မြို့နယ် အလုပ်သမားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့မှ  ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေနှင့်အညီ အကျိုးခံစားခွင့်များ ထုတ်ပေးခြင်းနှင့် ဟောပြောပွဲကို ယမန်နေ့နေ့လယ် (၂)နာရီအချိန်က မြို့နယ်စည်ပင်သာယာ​ရေးရုံးခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် လူမှုဖူလုံ​ရေးအဖွဲ့မှ ဦးစီးအရာရှိ ဒေါ်မိုးသန္တာအေးက စည်ပင်ဝန်ထမ်းများမှ လူမှုဖူလုံရေးရုံးတွင် ထည့်ဝင်ကြေး ပေးသွင်းထားသော အလုပ်သမားများ၏ အကျိုးခံစားခွင့် ဖြစ်သော နာရေးစရိတ် (၂)ဦးနှင့် မကျန်းမာမှုစရိတ် (၂)ဦး၊ စုစုပေါင်း(၄)ဦးအား အကျိုးခံစားငွေများ ပေးအပ်ခဲ့သည်။

ဆက်လက်၍ အာမခံ အလုပ်သမားများ၏ အကျိုးခံစားခွင်များ၊  လူမှုဖူလုံရေး စီမံကိန်း အကြောင်း သိကောင်းစရာများ၊ လူမှုဖူလုံရေးဥပဒေပါ အာမခံစနစ်များ၊ ကျန်းမာရေးနှင့် လူမှုရေးစောင့်ရှောက်မှု အာမခံစနစ်ပါ ခံစားခွင့်များနှင့် ဆေးဖိုးကုန်ကျစရိတ်နှင့် ခရီးစရိတ်များ ပြန်လည်ထုတ်ပေးခြင်း အကြောင်းအရာများကို ရှင်းလင်းဟောပြောခဲ့သည်။

ထို့​နောက် အဆိုပါ အာမခံအလုပ်သမားများအား ကျန်းမာရေး စစ်ဆေးစောင့်ရှောက်မှုများ ပေးခဲ့ပြီး လူမှုဘဝဖူလုံဖို့ လူမှုဖူလုံရေးမှာ အာမခံထားကြစို့ ဆောင်ပုဒ်ပါ လက်ကမ်းစာစောင်များကို တက်ရောက်လာသူများအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မြောင်းမြခရိုင်ပြန်ဆက်