ထူးကဲဒီရေမြင့်တက်မှုကြောင့် မြစ်ကမ်းဘေးရှိ နေအိမ်(၅)လုံး ကြိုတင်ပြောင်းရွှေ့

တောင်ကုတ် ဇူလိုင် ၁၅

ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့နယ်၊ ကုလားရောင်ကျေးရွာအုပ်စု၊ ကုလားရောင် ကျေးရွာ၏ တောင်ဘက် မြစ်ကမ်းဘေးရှိ နေအိမ်ငါးလုံးမှာ ယမန်နေ့ မွန်းလွဲ (၂)နာရီခွဲအချိန်က ကုလားရောင်မြစ်မှ ထူးကဲဒီရေမြင့်တက်ပြီး ရေလှိုင်းရိုက်ခတ်မှုကြောင့် ကမ်းပါးပြိုကျမှုဖြစ်သဖြင့် နေအိမ်များကို ကြိုတင်ပြောင်းရွှေ့ပေးခဲ့ရကြောင်း သိရသည်။

အဆိုပါ ကမ်းပါးပြိုကျမှုကြောင့် နေအိမ်(၅)လုံး ကြိုတင်ပြောင်းရွှေ့ခဲ့ပြီး မိသားစုဝင်များအား ဆွေးမျိုးများနေအိမ်သို့ ပြောင်းရွှေ့နေရာချထားပေးပြီး ဖြစ်ကြောင်းနှင့် ကမ်းပြိုမှုကြောင့် လူနှင့်တိရိစ္ဆာန် ထိခိုက်ဒဏ်ရာ ရရှိမှုမရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)