ထီးချိုင့်မြို့နယ် Community Centre ခန်းမတွင် အာဇာနည်နေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ ကျင်းပ

ထီးချိုင့် ဇူလိုင် ၁၄

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရှိ Community Centre ခန်းမတွင်  ဉာဏ်ရည်၊ ဉာဏ်သွေးပြည့်ဝ၍ ထူးချွန်ထက်မြက်သော ကျောင်းသား/သူလေးများ ဖြစ်ပေါ်လာစေရန်၊ စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ စာပေဗဟုသုတရရှိနိုင်စေရန် ရည်ရွယ်၍ ယမန်နေ့မွန်းလွဲ (၁)နာရီက အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကို ကျင်းပခဲ့ပါသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်လဲ့လဲ့ခိုင်က ပြိုင်ပွဲကျင်းပရခြင်း ရည်ရွယ်ချက်များ၊ ပြိုင်ပွဲစည်းကမ်းများကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် “အာဇာနည်နေ့ တို့မမေ့” စာစီစာကုံးခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်ပေးခဲ့ရာ အခြေခံပညာအထက်တန်းကျောင်းမှ အလယ်တန်းအဆင့် ကျောင်းသား/သူလေးများက ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

ရဲလင်းထွန်း (ထီးချိုင့်)