မင်းလှမြို့တွင် ဝါဝင်ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပ

မင်းလှ ဇူလိုင် ၁၂

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊အမှတ်(၆) ရပ်ကွက်၊ မြို့လယ်ဓမ္မာရုံ ဘုရားကြီး၌ နှစ်စဉ်ကျင်းပသော ဝါဝင်ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယမန်နေ့နေ့လယ် ၁ နာရီ ချိန်ကကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါဆွမ်းဆန်စိမ်းလောင်းလှူပွဲတွင် ဘုရားအမှူးပြု၍မြို့‌ပေါ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းပေါင်း(၃၂)ကျောင်းမှ သံဃာတော်များ ကြွရောက်အလှူခံတော်မှုခဲ့ရာ ဌာနဆိုင်ရာ ဝန်ထမ်းများ၊စေတနာရှင်များက ဆွမ်းဆန်၊ ဆီ၊ ဆား၊ ဖယောင်းတိုင် စသည့်လှူဖွယ်ပစ္စည်းများ ကိုလောင်းလှူပေးခဲ့ကြသည်။

ထို့နောက် သံဃာတော်များက မြို့ပေါ်ရပ်ကွက်များအတွင်း လှည့်လည်၍ ဆွမ်းဆန် အလှူခံတော်မှုရာရပ်ကွက်နေပြည်သူများက ဆွမ်းဆန်နှင့် အခြားလှူဖွယ်ပစ္စည်းများကို စေတနာ ထက်သန်စွာလောင်းလှူပေးခဲ့‌ကြောင်း သိရသည်။

ပေါက်စ(မင်းလှ)