ကြံခင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ဝါဆိုလပြည့် (ဓမ္မာစင်္ကြာအခါတော်) နေ့အကြောင်း သိကောင်းစရာTalk Show ကျင်းပ

ကြံခင်း ဇူလိုင် ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထု အခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြည်သူများ အသိပညာ ဗဟုသုတရရှိစေရန် ရည်ရွယ်ပြီး ဝါဆိုလပြည့် (ဓမ္မစင်္ကြာအခါတော်)နေ့အကြောင်း သိကောင်းစရာ Talk Show အစီအစဉ်ကို ယနေ့ နံနက် (၈)နာရီအချိန်က ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ခင်မိုးမြင့်မှ Talk Show ကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး  ကြံခင်း မြို့နယ် ဂိုဏ်းထောက်ကျောင်းတိုက် အကျိုးတော်ဆောင်ဦးသိန်းစိုးမှ  ဝါဆိုလ၏ အဓိပ္ပာယ် ဖွင့်ဆိုချက်၊ ဝါဆိုလ၏ ရာသီပွဲတော်များအကြောင်း၊  ဝါဆိုလပြည့်နေ့ (ဓမ္မစင်္ကြာအခါတော်နေ့) ဖြစ်ပေါ်လာပုံ သမိုင်းကြောင်း၊ ကြံခင်းမြို့နယ်အတွင်း ဝါဆိုလပြည့် နေ့တွင် ဘုရားကျောင်းကန်များ ထင်ရှားသည့်နေရာများနှင့် ပတ်သက်၍ အသိပညာဗဟုသုတ ရရှိစေရန် ရှင်းလင်းဆွေးနွေး ကြောင်း သိရသည်။

ကြံခင်းမြို့နယ် ပြည်သူ့စာကြည့်တိုက်ရှိ (Community Centre) ခန်းမတွင် ပြည်သူများ အသိပညာ ဗဟုသုတ ရရှိစေရန် ရည်ရွယ်ပြီး Talk Show အစီအစဉ်များ၊ ဟောပြောပွဲများ၊ စာပေဆွေးနွေးပွဲများ၊ စာအုပ်စာစောင် ပြပွဲများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိ ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)