အမာမြို့ Community Centre ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ

အမာ ဇွန် ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာအုပ်စာစောင် ချစ်မြတ်နိုးသူများ အသင်း (Book Club) အဖွဲ့နှင့် ပူးပေါင်း၍စာပေကို မြတ်နိုးတန်ဖိုးထားသူများ တိုးပွားလာစေရန် ရည်ရွယ်၍ ယနေ့နေ့လယ် (၁၂) နာရီအချိန်က စာဖတ်ဝိုင်း ပြုလုပ်ဆောင်ရွက်ခဲ့သည်။

အဆိုပါ စာဖတ်ဝိုင်းပြုလုပ်ရာတွင် မြို့ဦးစီးမှူးနော်လေးလီယန်က စာဖတ်ဝိုင်းပြုလုပ်ရသည့် ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး Book Club အဖွဲ့ဝင်များက စာရေးဆရာ လောကသစ္စာ ရေးသားသည့် " အချိန်မတန်ဘဲ ဇိမ်မခံပါနဲ့" စိတ်ဓါတ်ခွန်အားဖြည့်စာစုများ စာအုပ်ထဲမှ မိမိတို့နှစ်သက်သည့် ဆောင်းပါးများကို ဖတ်ကြားဆွေးနွေးပြီး တက်ရောက်လာကြသော စာအုပ်စာစောင် ချစ်မြတ်နိုးသူများ၊ စာပေဝါသနာရှင်များကလည်း ပြန်လည်ဆွေးနွေး ခဲ့ကြကြောင်း သိရှိရသည်။

နော်လေး